2024

စစ်အာဏာသိမ်း (၁၃၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂ AAPP ရဲ့ အောက်တိုဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၃၉) ရက်အတွင်း ပြည်သူ (၅၇၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေ လုပ်ငန်းပြန်စဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် လုပ်ငန်းပြန်စဖို့ အခက်ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေလှန်ဆားလုပ်ငန်းတွေကို နှစ်စဉ်စက်တင်ဘာနောက်ဆုံးအပတ်မှာ စတင်လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းတွေပြန်စဖို့ အခက်အခဲရှိနေတာပါ။ နေလှန်ဆားလုပ်ငန်းဟာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ပိုမိုကြီးမြင့်လာတာ၊ အလုပ်သမားခေါ်ယူလို့မရတာ၊ ဆားဈေးနှုန်းကျဆင်းနေတာ၊ မိုးရွာသွန်းမှုတွေကြောင့် လုပ်ငန်း…

နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ စစ်‌ကောင်စီ တန်ပြန်ထိုးစစ်စတင်ခဲ့တာလို့ MNDAA ပြော

လားရှိုး ၊ အောက်တိုဘာ ၂ စစ်ကောင်စီက တန်ပြန်ထိုးစစ်အဖြစ် ပြီးခဲ့တဲ့လကစတင်ကာ ပြည်သူတွေရဲ့ အသက်နဲ့ ဥစ္စာပစ္စည်းတွေ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ပြောပါတယ်။ ဒါကြောင့် ထိခိုက်သေဆုံးသူ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသလို ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့ ပစ်မှတ်လည်း ဖြစ်တယ်လို့…

ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံး

မော်လမြိုင်၊ အောက်တိုဘာ ၂ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၂ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် အပြည့်အဝမရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုးဦး၊…

မွန်ပြည်နယ်မှာ လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီ သန်းခေါင် စာရင်းစကောက်

မော်လမြိုင်၊ အောက်တိုဘာ ၂ ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မွန်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး လုံခြုံရေးအပြည့်နဲ့ စာရင်းကောက်ယူခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ရပ်ကွက်ကျေးရွာအလိုက် လုံခြုံရေးချထားပြီး ကောက်ယူရေးအဖွဲ့က တစ်အိမ်တက်ဆင်း ကောက်ယူခဲ့တာပါ။ သန်းခေါင်စာရင်းကောက်ယူနေချိန် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့…

လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ကို အစ္စရေး မြေပြင်ထိုးစစ် စတင်

ဂျေရုစလင်၊ အောက်တိုဘာ ၁ အစ္စရေး မြေပြင်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး လက်ဘနွန်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဟစ်ဇဘိုလာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်မှု အရှိန်မြှင့်တင်လိုက်ပါတယ်။ ဟစ်ဇဘိုလာအဖွဲ့ကို ကာလရှည်ခေါင်းဆောင်ခဲ့တဲ့ နာဆရယ်လာ သေဆုံးခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် အစ္စရေးက ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို သီတင်းပတ် များစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံထဲကို…

ဆောင်းဦးရာသီမှာ တပ်သားသစ် တစ်သိန်းကျော် စုဆောင်းဖို့ ပူတင် ညွှန်ကြား

မော်စကို ၊အောက်တိုဘာ ၁ အောက်တိုဘာ ၁ ရက်နေ့ စတင်ကာ လကုန်ကျမှ ပြီးဆုံးမယ့် ရုရှားရဲ့ ဆောင်းဦးရာသီ တပ်သားသစ် စုဆောင်းမှုအဖြစ် တပ်ဖွဲ့ဝင် ၁၃၃,၀၀၀ ခေါ်ယူ စုဆောင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ညွှန်ကြားထားကြောင်း ကရင်မလင်နန်းတော်ရဲ့ စက်တင်ဘာ ၃၀ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံပိုင် သတင်းစာ Rossiyskaya…

တောင်ကုတ်မြို့ ဗုံးကြဲမှု AA လက်နက်ဂိုထောင်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ် ဗုံးကြဲချမှုဟာ AA ရဲ့လက်နက်ဂိုထောင်တွေပါ”ဆိုပြီး စစ်တပ်လော်ဘီတွေကနေ လုပ်ကြံသတင်းအမှား ဖြန့် ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီ…

ကတိုင်တိဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ BGF တပ်အထိနာပြီး ပြန်လည်ဆုတ်ခွာ

ဖာပွန်၊ အောက်တိုဘာ ၁ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသထဲ စစ် ကြောင်းထိုး ဝင်ရောက်လာနေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ KNLA တော်လှန်ရေးတပ်ဖွဲ့တို့ ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ အခြားတပ်စခန်းတွေကို…

လေးကေကော်မြို့အနီးနဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ အောက်တိုဘာ ၁ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးနဲ့ ဒေါနတောင်ပေါ်လမ်းပိုင်းတွေမှာ KNLA တော်လှန် ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်း ရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နိုင်ငံတော်အဆင့် စစ်ဆင်ရေးလို့ခေါ်ဆိုတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေး အင်အားစုအဖွဲ့တို့ကြား ဒေါနတောင်ပေါ်လမ်းပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအ ထန် ဖြစ်ပွားနေတာပါ။…