2024

တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

ဘီးလင်း၊ အောက်တိုဘာ ၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအခြေစိုက် တောင်စွန်းကုန်ထုတ်အကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ “ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ကျောက်ထုတ်စခန်းက ဝန်ထမ်းတွေက ပြန်ပစ်ချိန်တောင်…

မြဝတီမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရ

မြဝတီ၊ အောက်တိုဘာ ၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနအရှေ့ခြမ်းရှိ ဖလူးကြီးကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှစ်ဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း…

စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းမှု အငြင်းခံရ

နေပြည်တော် ၊ အောက်တိုဘာ ၃ နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းမှုအပေါ် တော်လှန်‌ရေးအင်အားစုအသီးသီးက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ အရေးနိမ့်မှုတွေများစွာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး လွှတ်တော်လမ်းကြောင်းကနေ နိုင်ငံရေးနည်းလမ်းနဲ့ရှင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင်…

အီရန်ရဲ့ တိုက်ခိုက်မှုအတွက် အစ္စရေးက လက်စားချေမယ်လို့ ကြွေးကြော်

ဂျေရုစလင်၊ အောက်တိုဘာ ၂ အောက်တိုဘာ ၁ ရက်မှာ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အတွက် ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကြွေးကြော်လိုက်ပါတယ်။ အစ္စရေးအနေနဲ့ လက်တုံ့ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ ပျက်စီးကိန်းနဲ့ ကြုံရလိမ့်မယ်လို့ အီရန်က ပြန်လည် ခြိမ်းခြောက်ထားတာကြောင့် ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်ပွားလာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အစ္စရေး…

နျူလက်နက် အသုံးပြုရင် မြောက်ကိုရီးယားရဲ့ နိဂုံးချုပ် ဖြစ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး

ဆိုးလ်၊ အောက်တိုဘာ ၂ တောင်ကိုရီးယားက စစ်ရေးပြပွဲ ပြုလုပ်ပြီး သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြချိန်မှာ သမ္မတ ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယားအနေနဲ့ မိမိတို့ကို နျူကလီးယား လက်နက် အသုံးပြု တိုက်ခိုက်လို့ရှိရင် ပြုံးယမ်းအစိုးရရဲ့ နိဂုံးချုပ် ဖြစ်သွားလိမ့်မယ်လို့ အောက်တိုဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဆိုးလ်မြို့မှာ တိုက်လေယာဉ်တွေ ပျံသန်းပြီး လမ်းမတွေပေါ်မှာ သံချပ်ကာကားတွေကို ထုတ်ဖော်ပြသခဲ့တဲ့…

ထိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ ဘတ် ၄၀၀ အထိ တိုးပေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၂ အခုနှစ်အကုန် ထိုင်းနိုင်ငံတဝန်းလုံးမှာ အနည်းဆုံး လုပ်ခလစာကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး ဖီဖတ် ရက်ချာကစ်ဖရန်ခန်က ပြောကြားလိုက်ပါတယ်။ ပါတီ သုံးရပ်ပါဝင်တဲ့ လုပ်ခလစာဆိုင်ရာကော်မတီ အနေနဲ့ လောလောဆယ်မှာ အဖွဲ့ဝင် နှစ်ဦး တရားဝင် ခန့်အပ်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့…

ပွင့်ဖြူမှာ စစ်ကောင်စီတပ်သားတွေ ဝန်းရံပြီး သန်းခေါင်စာရင်း ကောက်ယူနေ

မကွေး အောက်တိုဘာ ၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားများ ဝန်းရံပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့အတူ သူတို့ရဲ့နီးစပ်သူတွေ ပါဝင်ပြီး ပညာရေးဝန်ထမ်း တချို့နဲ့ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးလိုက်ပါပြီး သန်းခေါင်စာရင်း ကောက်ယူနေတာပါ။ “အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ပါတယ်။ သားတွေ ချွေးမတွေပါတယ်။နောက်တစ်ခုက ကျောင်းဆရာမတွေပါတယ်။…

သန်းခေါင်စာရင်းအပေါ် ပူးပေါင်းပါဝင်တာ မလုပ်ဖို့ မွန်ပြည်သစ်ပါတီ AD တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ ၂ စစ်ကောင်စီ ကောက်ယူမယ့် လူဦးရေသန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်တာ မပြုလုပ်ကြဖို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD က တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တစ်ခုလို့ ဆိုပါတယ်။…

စစ်အာဏာသိမ်း (၁၃၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂ AAPP ရဲ့ အောက်တိုဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၃၉) ရက်အတွင်း ပြည်သူ (၅၇၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေ လုပ်ငန်းပြန်စဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် လုပ်ငန်းပြန်စဖို့ အခက်ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေလှန်ဆားလုပ်ငန်းတွေကို နှစ်စဉ်စက်တင်ဘာနောက်ဆုံးအပတ်မှာ စတင်လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းတွေပြန်စဖို့ အခက်အခဲရှိနေတာပါ။ နေလှန်ဆားလုပ်ငန်းဟာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ပိုမိုကြီးမြင့်လာတာ၊ အလုပ်သမားခေါ်ယူလို့မရတာ၊ ဆားဈေးနှုန်းကျဆင်းနေတာ၊ မိုးရွာသွန်းမှုတွေကြောင့် လုပ်ငန်း…