2024

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရ

ဘုတလင်၊ အောက်တိုဘာ ၃ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၈၅ ဦးဝန်းကျင်နဲ့ ဗိုလ်မှူးကျော်တင့် ဦးဆောင်ပြီး ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်ကို ပြန်လာတဲ့ စစ်ကောင်စီရဲ့ ခမရ ၁၀၆၊ ၃၀၉၊ ၁၂နဲ့…

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ MNDAA ပြော

လားရှိုး ၊ အောက်တိုဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်နယ်မြေမဟုတ်တဲ့ နယ်မြေတွေကို စစ်‌ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က အောက် တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ဇူလိုင်လမှာ လားရှိုးစစ်ပွဲအတွင်း မကြာခဏရှုံးနိမ့်မှုတွေကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လောက်ကိုင်မြို့ အပါအဝင်…

ဖာပွန်မြို့ ဗုံးကြဲခံရလို့ အမျိူးသမီးတစ်ဦးသေဆုံး

ဖာပွန်၊ အောက်တိုဘာ ၃ ကရင်ပြည်နယ် ဖာပွန်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၅ က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဖာပွန်မြို့ ရပ်ကွက် ၁…

မွန်ပြည်နယ်မှာ လူအင်အား ၁၂၀၀ ကျော်နဲ့ သန်းခေါင်စာရင်းကောက်ယူနေ

မော်လမြိုင်၊ အောက်တိုဘာ ၃ ၂၀၂၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မွန်ပြည်နယ်မှာ ကွက်ကောက်ပေါင်း ၃၆၀၀ ကျော်ကို လူအင်အား ၁၂၀၀ ကျော်နဲ့ စာရင်းကောက်ယူနေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ တပြိုင်နက်တည်း ကောက်ယူနေတာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း…

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် စစ်ကောင်စီ ကမ်းလှမ်းချက်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ဘာလို့ လက်မခံတာလဲ။

“တခြားသော ဘဝတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်လက် လက်တွဲပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆက်လက်တည်ဆောက်ရေးကိုပဲ ပန်းတိုင်ထားပြီး ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကျွန်မတို့လုံးဝ လက်ခံမှာ မဟုတ်ပါဘူး” – မိကွန်းချမ်းနွန် (MSFC) အာဏာသိမ်းစစ်ကောင်စီက သူတို့ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG လက်အောက်က…

ကြည်မြင်တိုင်က အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးရုံး နှစ်ရုံးမှာ သန်းခေါင် စာရင်းကောက်ဖို့ အစည်းအဝေးလုပ်နေစဉ် ဗုံးပေါက်ကွဲတာကို ရပ်ကွက်နေ ပြည်သူတွေ Smart Card လုပ်နေစဉ် ဗုံးပေါက်ကွဲတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေကနေ…

အဓမ္မအလုပ်ခိုင်းစေခံရမှု စစ်ကောင်စီ ဖြေရှင်းပေးတာမရှိဘူးလို့ ကူညီသူတွေပြော

မော်လမြိုင် ၊ အောက်တိုဘာ ၃ အာဏာသိမ်း စစ်ကောင်စီက လုပ်ငန်းခွင်တွေမှာ အဓမ္မခိုင်းစေခံရသူတွေအနေနဲ့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပေမယ့် တိုင်ကြားပါက လက်တွေ့ ထိထိရောက်ရောက် ကူညီတာမရှိဘူးလို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီက အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်းကြားချက်တွေကို အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား NCM မှ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့…

သထုံထောင်မှာ ထောင်ဝင်စာပို့ခွင့် ငွေအတောင်းကြမ်းနေ

သထုံ၊ အောက်တိုဘာ ၃ မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာရှိ သထုံအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်နဲ့ လူတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ထောင်အာဏာပိုင်တွေက အကျဉ်းသားမိသားစုဝင်တွေ ထောင်ဝင်စာပါဆယ်ပစ္စည်း လာပို့ရင် ပါဆယ်တစ်ထုတ်လျှင် ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀၊ ထောင်ဝင်စာတွေ့ခွင့်အတွက် ကျပ်…

တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

ဘီးလင်း၊ အောက်တိုဘာ ၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအခြေစိုက် တောင်စွန်းကုန်ထုတ်အကျဉ်းစခန်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ တောင်စွန်းအကျဉ်းစခန်း လုံခြုံရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ “ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ကျောက်ထုတ်စခန်းက ဝန်ထမ်းတွေက ပြန်ပစ်ချိန်တောင်…

မြဝတီမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရ

မြဝတီ၊ အောက်တိုဘာ ၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနအရှေ့ခြမ်းရှိ ဖလူးကြီးကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှစ်ဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း…