2024

တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေထံက သိရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ ဘန်လောကျေးရွာ အုပ်စုက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ အကြောင်းမဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း…

မွန်ပြည်နယ်မှာ တစ်လအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အ စီရင်ခံစာအရ ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ မြေမြှုပ်မိုင်းနင်းခံရတာ၊…

ဂါဇာလို ဖျက်ဆီးခံရလိမ့်မယ်လို့ လက်ဘနွန်ကို အစ္စရေး သတိပေး

တဲလ်အဗစ်၊ အောက်တိုဘာ ၉ ဂါဇာမှာ မြင်တွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ခံစားရမှုမျိုးကို ရှောင်ရှားရေး ဟစ်ဇဘိုလာအဖွဲ့ကို မောင်းထုတ်ပစ်ကြဖို့ လက်ဘနွန် ပြည်သူတွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တိုက်ရိုက် ပန်ကြားလိုက်ပါတယ်။ လက်ဘနွန် အနောက်တောင်ပိုင်းရှိ ဒေသသစ် တစ်ခုသို့ အစ္စရေးက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ထပ်မံ စေလွှတ်လိုက်ပြီး မြေပြင်ထိုးစစ်ဆင်မှု တိုးမြှင့်လိုက်ပြီးနောက် အောက်တိုဘာ ၈…

မြန်မာ့အရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဆွေးနွေးပွဲ တက်မယ်

ဗီယင်ကျန်း၊ အောက်တိုဘာ ၉ လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေ၊ ပိုမိုပြင်းထန်လာနေတဲ့ မြန်မာ့ပြည်တွင်းစစ်တို့နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ ဝန်ကြီး ဘလင်ကန်…

ရွှေဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့် ပိတ်ပင်ခံရ

ရွှေဘို၊ အောက်တိုဘာ ၉ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင်ဟာ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ နိုင်ငံတဝန်းရှိ အကျဉ်ထောင်တွေမှာ စစ်ကောင်စီက ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ခွင့်ပြုပေးခဲ့ပေမယ့် ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန်လကစပြီး…

စစ်အာဏာသိမ်း (၁၃၄၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၉ AAPP ရဲ့ အောက်တိုဘာ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၆) ရက်အတွင်း ပြည်သူ (၅၇၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၂၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်းတစ်ရင်းလုံး မွန်ပြည်သစ် AD နဲ့ ပူးပေါင်းမှု

ဘုရားသုံးဆူ ၊ စက်တင်ဘာ ၉ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊ တပ်ရင်း ၅ တစ်ရင်းလုံး မိမိတို့နဲ့ ပူပေါင်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ အောက်တိုဘာ ၆ ရက်နေ့က တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဗွတ်မွန်ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေ…

လောင်းလုံးမှာ စစ်တပ်လမ်းပိတ်ထားလို့ ကျေးရွာခြောက်ရွာ ဒုက္ခကြုံနေရ

လောင်းလုံး၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး ပေါင်းအဖွဲ့တွေ လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ကျေးရွာခြောက်ရွာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေ ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းပိတ်ထားတဲ့အတွက် ကျော်နီမော်ကျေးရွာကနေ ဖြတ်သန်းသွားလာရတဲ့ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ညောပြင်၊ ကျောက်မတ်တပ်၊ ကြက်လွတ်၊ ခေါင်လန်းကျေးရွာက…

ဖာပွန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

ဖာပွန်၊ အောက်တိုဘာ ၉ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က KNU ဖာပွန်ခရိုင် ဒေလော်ပူကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပေါင် ၅၀၀…

ရေးတိုက်ပွဲမှာ ရဲမေတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး

ရေး၊ အောက်တိုဘာ ၉ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် အမှတ် ၅၈၃ ခြေမြန်တပ်ရင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲမေတစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံကနေ သိရပါတယ်။ ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကံလှနဲ့ဖားကြီးကျေးရွာကြားမှာ လုံခြုံရေးအရ ပိတ်ဆို့စစ်ဆေးနေစဉ် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းမှ လက်နက်ကြီး သင် တန်းဆင်းထားတဲ့…