2024

ရေးမှာ PDF ဆီဆက်သွယ်တဲ့ အကြောင်းပြချက်နဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

ရေး၊ အောက်တိုဘာလ ၁၂ ရေးမြို့နယ် ချောင်းတောင်ကျေးရွာနဲ့ အောင်မေတ္တာရပ်ကွက်တွေမှာ နေထိုင်တဲ့ လူငယ်အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ ချောင်းတောင်ကျေးရွာနေ မောင်ပုံပုံချစ်ဆိုတဲ့ လူငယ်ကို စစ်ကောင်စီအဖွဲ့က နေအိမ်မှာဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၉ ရက်နေ့မှာတော့…

အီရန် ရေနံစက်ရုံတွေကို မတိုက်ခိုက်ရေး တားဆီးပေးဖို့ ပင်လယ်ကွေ့ နိုင်ငံတွေ တိုက်တွန်း

ဒူဘိုင်း၊ အောက်တိုဘာ ၁၁ ပဋိပက္ခတွေ အရှိန်မြင့်တက်လာချိန် အီရန် ရေနံစက်ရုံတွေကို အစ္စရေး မတိုက်ခိုက်ရေး တားဆီးပေးဖို့ အမေရိကန်ထံ ပင်လယ်ကွေ့ နိုင်ငံတွေက စည်းရုံးပြောဆိုနေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ပဋိပက္ခမှာ ကြားညပ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ ကာတာ အပါအဝင် ပင်လယ်ကွေ့ နိုင်ငံတွေက အစ္စရေးအနေနဲ့ အီရန်ကို…

သမ္မတ ရွေးကောက်ပွဲမှာ ကာမယ်လာ ဟားရစ်ကို မဲပေးကြဖို့ အိုဘားမား တိုက်တွန်း

ပစ္စဘာ့ဂ်၊ အောက်တိုဘာ ၁၁ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တယ်လို့ သမ္မတဟောင်း ဘားရက် အိုဘားမားက သတိပေးပြီး ဟားရစ်ကို မဲပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်းနှစ်ဦးလုံး အနိုင်ရနိုင်ခြေ ဆတူရှိတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့မှာ အောက်တိုဘာ…

ရှမ်းပြည်နယ်က ဗုဒ္ဓရုပ်ပွားတော်တွေကို PDF တွေ ဖျက်ဆီးနေတယ်လို့ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ရှမ်းပြည်နယ်က ဗုဒ္ဓရုပ်ပွားတော်တွေကို PDF တွေ ဖျက်ဆီးနေတယ်”ဆိုပြီး စစ်ကောင်စီဘက်က ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတွေ ခေါင်းဖြတ်ခံထားရတဲ့ ဗွီဒီယိုတစ်ခု ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့…

ပုလောဒေသခံတွေရဲ့ ပစ္စည်းတွေကို မခိုးခဲ့ဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာ ဒေသခံတွေရဲ့နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုယက်ခိုးယူမှုဟာ သတင်းအမှားပါ”ဆိုပြီး စစ်တပ်ဘက်က လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာအပါအဝင်…

မြိုင်မြို့နယ်က ယာခင်းအလုပ်သမတွေကို ဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မြိုင်မြို့နယ် ယာခင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငါးဦးကို စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ ဖမ်းဆီးသွားတဲ့သတင်းကို သတင်းအမှားပါ”ဆိုပြီး စစ်ကောင်စီဘက်က လုပ် ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊…

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

ပင်လယ်ဘူး၊ အောက်တိုဘာ ၁၁ စစ်ကိုင်းတိုင်း ကော်လင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင် စစ်ကောင်စီထံကနေ စစ်သုံ့ပန်း ၁၀၀ ကျော်အပါအဝင် လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။ ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ အချိန်နှစ်လနီးပါးအကြာ…

စစ်အာဏာသိမ်း (၁၃၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၁ AAPP ရဲ့ အောက်တိုဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၄၈) ရက်အတွင်း ပြည်သူ (၅၈၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၂၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အာဆီယံအခင်းအကျင်းဟာ မြန်မာ့အရေး ဆွေးနွေးရေးလမ်းကြောင်းပေါ် ဆွဲတင်တာလို့ အကဲခတ်တွေပြော

ရန်ကုန် ၊ အောက်တိုဘာ ၁၁ စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်ကြားထားတဲ့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးဆွေးနွေးပွဲလမ်းကြောင်းပေါ် ဆွဲတင်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ အခုအခါမှာ နိုင်ငံခြားရေးဌာနက ထိပ်ပိုင်း ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ကနေ…

ဝန်ထမ်းတွေ အကျင့်ပျက်မှုကြောင့် တရားမဝင်ကုန်သွယ်မှု ဖြစ်နေတာလို့ ဒုစစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၁၁ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ တရားမဝင်ကုန်သွယ်မှုတွေဟာ ဝန်ထမ်းတွေအကျင့်ပျက်မှုကြောင့်လို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ညီလာခံခန်းမမှာ ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒုစစ်ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတွေ အဓိကဖြစ်ပေါ်ရတာဟာ နယ်စပ်ဒေသတချို့မှာ လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းဖို့ ကန်သတ်ချက်ရှိတာ၊…