2024

အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲဟာ အောက်တိုဘာ ဒုတိယအပတ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လက် နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ KNU ဝင်းရေးမြို့နယ် တပ်မဟာ ၆ နယ်မြေ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းနဲ့ လွတ်ရှမ်းစခန်းတို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ…

စစ်အာဏာသိမ်း (၁၃၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၅ AAPP ရဲ့ အောက်တိုဘာ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာ ဏာသိမ်းမှုကာလ (၁၃၅၂) ရက်အတွင်း ပြည်သူ (၅၈၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၄၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ အကွဲအပြဲဖြစ်လာတဲ့ အပစ်ရပ်ထိုး EAO သုံးဖွဲ့

မော်လမြိုင် ၊ အောက်တိုဘာ ၁၅ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်နှစ်ရပ်ကြား အပစ်ရပ်ထိုး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း EAO သုံးဖွဲ့တို့ဟာ အဖွဲ့အတွင်း ရပ်တည်ချက်၊ ခံယူချက်မတူညီမှုတွေနဲ့ အကွဲအပြဲတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံ့အာဏာကို စစ်တပ်ကအဓမ္မသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ အပစ်ရပ်ထိုး EAO တချို့ကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ထက် လက်နက်ကိုင်လမ်းစဉ်ပေါ် ဆက်လက်လျှောက်လှမ်းဖို့ တွန်းပို့ခဲ့တာပါ။ အဲဒီအတွက်ကြောင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ…

ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် မော်လမြိုင်မှာ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေ

မော်လမြိုင် ၊ အောက်တိုဘာ ၁၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ ရှောင်တခင်ဖမ်းဆီးတာရှိသလို ပွဲရုံတွေနဲ့ လက်လီရောင်းချတဲ့ဈေးတွေအထိ လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာဟာ ပြီးခဲ့တဲ့…

လောင်းလုံးမှာ စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးဒဏ်ရာရ

လောင်းလုံး၊ အောက်တိုဘာ ၁၅ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တာပါ။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၃ ရက်နေ့…

စလင်းနဲ့ ပွင့်ဖြူမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအတွက် ထောက်ပံ့ကြေး ထပ်မံ ကောက်ခံနေ

မကွေး အောက်တိုဘာ ၁၄ မကွေးတိုင်း စလင်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်မှုထမ်းကိစ္စအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီကနေ ထောက်ပံ့ကြေးတွေ ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူမယ့် ကာလကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သတ်မှတ်ထားတာဖြစ်ပြီး ကောက်ယူပြီးစီးတဲ့ ရွာတွေမှာ ချက်ချင်းဆိုသလို စစ်မှုထမ်း ထောက်ပံ့ကြေးတွေ ကောက်ယူနေတာဖြစ်တယ်လို့…

အမှတ် ၂၇ စစ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တော်လှန်ရေးခရီးအတွက် ဘာတွေဆက်လုပ်မလဲ။

“အမှတ် ၂၇ စစ်ဗျူဟာကလည်း ရှေ့ဆက်ပြီးတော့ စစ်ရေးဖော်ဆောင်ရင်းနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပြီး တိုင်းပြည်နဲ့ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်သွားမှာပါ” – တာဝန်ခံ ရဲဘော် ကိုအေးမင်းထွန်း စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် ဖွဲ့စည်းထားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က စစ်ဒေသခွဲ အမှတ် ၂ ရှိ အမှတ် ၂၇ စစ်ဗျူဟာ…

မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ တိုက်တွန်း

ဗီယန်ကျန်း၊ အောက်တိုဘာ ၁၄ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ဖို့ အာဆီယံ ခေါင်းဆောင်တွေက အောက်တိုဘာ ၁၃ ရက်မှာ တိုက်တွန်းလိုက်ကြပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပပြီး အောက်တိုဘာ ၁၁ ရက်မှာ အဆုံးသတ်ခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံ…

နေတိုးအဖွဲ့ရဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု စတင်

လန်ဒန်၊ အောက်တိုဘာ ၁၄ နျူကလီးယားလက်နက် အသုံးပြုမှုနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အာဝဇွန်းရွှင်ရွှင် ပြောဆိုထားချိန် နေတိုးအဖွဲ့ရဲ့ နှစ်စဉ် နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေ အောက်တိုဘာ ၁၄ ရက်မှာ စတင်လိုက်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ် ရူတီက ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတို့က လက်ခံ ကျင်းပမယ့် Steadfast Noon…

ရေဖြူတံတား စစ်ဆေးရေးဂိတ်ကို PDF ဝင်စီး

ရေဖြူ၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရေဖြူတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အား ၁၀ ဦးကျော် တပ်စွဲထားတဲ့ ရေဖြူတံတားထိပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။…