December 2024

လောင်းလုံးမှာ ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

လောင်းလုံး၊ ဒီဇင်ဘာလ ၂၆ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ဒီနေ့ ဒီ ဇင်ဘာ ၂၅ ရက်နေ့ထိ တိုက်ပွဲဆက်ဖြစ်နေပြီး ပြင်းထန်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြန်မဆုတ်ဘဲ ဆက်တိုက်နေသလို စစ်ကောင်စီဘက်ကလည်း တပ်စခန်းကုန်းတွေမကျရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းပစ်ခတ်မှုတွေ ပြု လုပ်နေတယ်လို့ဆိုပါတယ်။…

အမေရိကန်ဆီက တိုင်ဖွန်းဒုံးကျည်စနစ် ဝယ်ယူမယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ ဒီဇင်ဘာ ၂၅ ကိုယ်ပိုင် ရေပြင် အကျိုးစီးပွားများ လုံခြုံစေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် တိုင်ဖွန်း ဒုံးကျည်စနစ် ဝယ်ယူဖို့ စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်တာကြောင့် တရုတ်ဘက်က ဒေသဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးမှုတွေ ထွက်ပေါ်လာပါတယ်။ အမေရိကန်က သူတို့ရဲ့ ကာလရှည် မဟာမိတ် ဖိလစ်ပိုင်နဲ့ နှစ်စဉ် ပူးတွဲ…

ရုရှားမှာရောက်နေတဲ့ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော် သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြော

ကိဗ်၊ ဒီဇင်ဘာ ၂၅ ကာ့စ် အိုဘလက်စ် ဒေသမှာ ရုရှားတပ်တွေနဲ့ အတူ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော်ဟာ သေဆုံးတာ ဒါမှမဟုတ်ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက ရုရှားဆီ နောက်ထပ် လက်နက်တွေ၊ စစ်သားတွေ စေလွှတ်ဖို့ စီစဉ်နေတယ်လို့…

တနင်္သာရီ-မောတောင်လမ်း တစ်ပတ်ကျော် ပိတ်နေလို့ ဒေသခံတွေ အခက်တွေ့နေ

တနင်္သာရီ၊ ဒီဇင်ဘာလ ၂၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် တစ်ပတ်ကျော်လာတဲ့အထိ လမ်းပိတ်နေလို့ သွားလာဖို့ အခက်တွေ့နေရတဲ့ အကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီအင်အား ၃၀၀ ခန့် စစ်ကြောင်းထိုးလာတာကြောင့် ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ရွာအနီးတွေမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေလို့ နှစ်ဖက်စလုံးက လမ်းဖြတ်သန်းသွားလာခွင့်…

တရုတ်မှာ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၅၀၀ ကျော် မူဆယ်မှာ ပိတ်လှောင်ခံထားရ

မူဆယ်၊ ဒီဇင်ဘာ ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံကို အလုပ်သွားလုပ်ဖို့ ခေါ်ယူထားတဲ့ မြန်မာအလုပ်သား ၅၀၀ ကျော် ပိတ်လှောင်ခံထားရတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ပြည်သူတွေကို ပွဲစားတွေကတစ်ဆင့် တရုတ်နိုင်ငံမှာ အလုပ်ကောင်း လစာကောင်းရရှိမယ်ဆိုပြီး မက်လုံးပေး…

စစ်အာဏာသိမ်း (၁၄၂၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၅ AAPP ရဲ့ ဒီဇင်ဘာ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၂၃) ရက်အတွင်း ပြည်သူ (၆၀၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

သံဖြူဇရပ် – ရေးလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်း

ရေး ၊ ဒီဇင်ဘာ ၂၅ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်တောင်ပိုင်းက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာတယ်လို့ ဒေ သခံတွေနဲ့ တော်လှန် ရေးအဖွဲ့တွေက ပြောပါတယ်။ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက လာမယ့်နွေမှာ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းကို စစ်ကောင်စီ လုံးဝထိန်းချုပ်နိုင်ရေး စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။…

ကျောက်ကြီးမှာ စစ်ကောင်စီစစ်ကြောင်းက ရွာသား ၈ ဦးကို ဖမ်းဆီးထား

ကျောက်ကြီး၊ ဒီဇင်ဘာ ၂၅ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကြိတ်ကွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာသား ၈ ဦးကို ဖမ်းဆီးထားပြီး ဒေသခံ တစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး ကြိတ်ကွင်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံတွေဖြစ်တဲ့…

ကော့ကရိတ်မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေ သတွင်းစစ်ရေးသတင်း ရင်းမြစ်တွေထံကနေ သိရပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြို့ မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက ရန်ကုတ်ရွာဘက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျလက်အောက်ခံ စစ် ကြောင်းတို့နဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ဒီဇင်ဘာလ တတိယအပတ်ကျော်လာတဲ့အထိ နှစ်ဖက်တိုက်ပွဲတွေ…

ဖမ်းဆီးခံရေးဒေသခံ အမျိုးသမီးနှစ်ဦး ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခံရ

ရေး၊ ဒီဇင်ဘာ ၂၅ မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ အမျိုးသမီးနှစ်ဦး ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ခုမှာ ဈေးရောင်းနေတဲ့ မငယ်ငယ်အပါဝင် ဒေသခံအမျိုးသမီးနှစ်ဦးကို…