December 2024

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀၇ ခြေ မြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့…

လောင်းလုံး ကျောက်နီမော် တိုက်ပွဲအတွင်း နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

လောင်းလုံး၊ ဒီဇင်ဘာ ၂၈ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေးရက်ဆက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန် ရေးတပ်ဖွဲ့ တွေထံကနေ သိရပါတယ်။ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းသုံးခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်ထိတွေ့…

သံဖြူဇရပ်မြို့နှစ် ၁၅၀ ပြည့်ပွဲတော်ကို လုံခြုံရေးကြောင့် စစ်ကောင်စီမွန်ဝန်ကြီးချုပ် မတက်ရဲ

သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်မှာ ကျင်းပပြုလုပ်တဲ့ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို လုံခြုံရေးစိုးရိမ်တာကြောင့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီး ချုပ် တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအရာရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့…

တောင်ကိုရီးယား ယာယီသမ္မတ စွပ်စွဲပြစ်တင်ခံရ

ဆိုးလ်၊ ဒီဇင်ဘာ ၂၇ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်ခင်မှာပဲ နိုင်ငံ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတ ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မယ့် အဆိုကို အတိုက်အခံ လွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံတရားရုံး တရားသူကြီးတွေကို ခန့်အပ်ဖို့ ယာယီသမ္မတ…

အကြီးတန်းအရာရှိတွေအား သတ်ဖြတ်မယ့် ယူကရိန်းရဲ့ အကြံအစည်ကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှား ပြော

မော်စကို၊ ဒီဇင်ဘာ ၂၇ အားသွင်းဘက်ထရီတွေနဲ့ စာရွက်စာတမ်း ခေါက်သိမ်း ကိရိယာတွေလို ပုံဖျက်ထားတဲ့ ဗုံးတွေနဲ့ မော်စကိုမြို့ရှိ အဆင့်မြင့် ရုရှားအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်နိုင်ဖို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြံအစည်တွေကို တားဆီးနိုင်ခဲ့ကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

မွန်နိုင်ငံရေး စစ်ကောင်စီရဲ့ ပျားရည်စိမ်လှည့်ကွက်အတွင်း မကျရောက်ရေး ဆန့်ကျင်ဖို့ NRFF တိုက်တွန်း

မော်လမြိုင် ဒီဇင်ဘာ ၂၇ မွန်လူငယ်တွေ အားလုံးအနေနဲ့ မွန်နိုင်ငံရေးကို စစ်ကောင်စီရဲ့ ပျားရည်စိမ် ဖက်ဒရယ်လှည့်ကွက်အတွင်း ကျရောက်မသွားစေဖို့ ဆန့်ကျင်လုပ်ဆောင်ရေး ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ဒီဇင်ဘာ ၂၈ ရက်မှာ ကျရောက်မယ့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွတ်လပ်ရေးကာလအလွန် မွန်လူငယ်တွေရဲ့ အားထုတ်မှုနဲ့ စတင်ခဲ့တဲ့ မွန်တော်လှန်ရေးဟာ အာဏာသိမ်းမှုဖြစ်ခဲ့တဲ့…

မလေးရှားမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ နီးပါး ဖမ်းဆီးခံရ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇ မလေးရှားအစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ရေး စီမံချက်ကြောင့် အခု ဒီဇင်ဘာလအတွင်း နိုင်ငံတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ၁၄ ရက်အတွင်း ရုံးတင်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပြီးတာနဲ့ ထောင်ဒဏ် လေးလ ချမှတ်ခံရလေ့ရှိကြောင်း မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ…

စစ်အာဏာသိမ်း (၁၄၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၇ AAPP ရဲ့ ဒီဇင်ဘာ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၂၅) ရက်အတွင်း ပြည်သူ (၆၀၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်မှာ စစ်ကောင်စီ လုံခြုံရေးပိုမိုတင်းကျပ်လာ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်လုံးမှာ စစ်ကောင်စီဘက်က လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ပိတ် ဆို့ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာတတိယအပတ်ကစပြီး လုံခြုံရေးအထူးစိုးရိမ်ရတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောအပြင် ပေါင်၊ မုဒုံ၊ မော်လမြိုင်နဲ့ချောင်းဆုံမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်လာတာပါ။ အထူးသဖြင့်…

စစ်ရှုံးနေတဲ့စစ်ကောင်စီ ရွေးကောက်ပွဲပြင်ဆင်မှု ခြေလှမ်းစိပ်ခဲ့တဲ့ ၂၀၂၄

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇ စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် စစ်ရေးရှုံးနိမ့်မှုတွေရင်ဆိုင်ခဲ့ရပြီး စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတာနဲ့အတူ နောက်နှစ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။ စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ကြားဝင်ညှိနှိုင်းမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဟိုင်ဂင်သဘောတူညီချက်နဲ့ တစ်ခန်းရပ်ပြီးနောက်ပိုင်း လာမယ့်နှစ် ရွေးကောက်…