December 2024

ဖာပွန်ကိုစစ်ကူပို့ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ

ဖာပွန်၊ ဒီဇင်ဘာ ၄ ကရင်ပြည်နယ် ဖာပွန်ဒေသမှာ အခြေစိုက်တဲ့ စစ်တပ်စခန်းတွေထံ စစ်ကောင်စီဘက်က စစ်ကူပို့ဖို့ ကြိုးပမ်းလာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ် မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်မြို့အနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတွေဖြစ်ကြတဲ့ ခေါပုတ်၊ ကူးဆိပ်၊ မထောစခန်းတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ…

ကွပ်မျက်မခံရစေဖို့ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်

ဟနွိုင်း၊ ဒီဇင်ဘာ ၃ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ထရူအွန် မိုင်လန်အနေနဲ့ ချမှတ်ခံထားရတဲ့ သေဒဏ်အတိုင်း အပြစ်ပေးမခံလိုပါက အစိုးရထံ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဘဏ်လိမ်လည်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အတွက် အသက် ၆၈ နှစ်အရွယ် သူဌေးမကြီးဟာ ဧပြီလက သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါက ဗီယက်နမ်မှာ…

တောင်တရုတ်ပင်လယ်ထဲ ရုရှားရေငုပ်သင်္ဘော ရောက်ရှိမှု ဖိလစ်ပိုင်သမ္မတ စိုးရိမ်

မနီလာ၊ ဒီဇင်ဘာ ၃ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံပိုင် အထူးစီးပွားရေးဇုန်ထဲသို့ ရုရှား ရေငုပ်သင်္ဘော ရောက်ရှိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကီလိုအဆင့် ရုရှား ရေငုပ်သင်္ဘော တစ်စီးကို နိုဝင်ဘာ ၂၈ ရက်တုန်းက အော်စီဒန်ရှယ် မင်ဒိုရိုဒေသ အနောက်ဖက်…

ဆီဆိုင်မှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် သားအမိနှစ်ဦးသေဆုံး

ဆီဆိုင်၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြောင်းချိုးနေတဲ့ သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာနေ မိသားစုသုံးဦးဟာ သူတို့ရဲ့ ပြောင်းခြံထဲမှာ ပြောင်းချိုးနေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ…

ရှမ်းမြောက်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံး

နောင်ချို၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်က နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေမှာ…

ရေးမှာစစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

ရေး၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာကျေးရွာအနီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရေးဘီ လူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေးအခြေစိုက် အမှတ် ၃၄၃ ခြေမြန်တပ်ရင်းကနေ အမှတ် ၁၉…

စစ်အာဏာသိမ်း (၁၄၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၃ AAPP ရဲ့ ဒီဇင်ဘာ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၁) ရက်အတွင်း ပြည်သူ (၆၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

နိုင်ငံ့တည်ငြိမ်ရေးကို အတုအယောင်သတင်းတွေက ဖျက်ဆီးနေတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၃ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို အတုအယောင်သတင်းအချက်အလက်တွေက ဟန့်တားဖျက်ဆီးနေတယ်ဆိုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပိတ်ပင်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က သတင်းအတုအယောင်တွေကြောင့် တိုင်းရင်းသားညီညွတ်မှုကို ပျက်စီးစေနိုင်ပြီး အားလုံးမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောသွားခဲ့တာပါ။…

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး ထပ်မံသေဆုံး

ဖာပွန်၊ ဒီဇင်ဘာ ၃ ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောစခန်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ် လိုက်လံရှင်းလင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားငါးဦး ထပ်မံသေဆုံးခဲ့တယ်လို့ KNU တပ် မဟာ ၅ ရဲ့ ထုတ် ပြန်ချက်အရ သိရပါတယ်။ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က…

ထားဝယ်မှာ မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေဆုံး

ထားဝယ်၊ ဒီဇင်ဘာ ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် ငါးရှဉ့်သွားထောင်တဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ကနိုင်းဒါကျေးရွာနေ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ ကျေးရွာအနီးရှိ ပေါက်တိုင်းချောင်းမှာ ငါးရှဉ့်သွားထောင်စဉ် မြေမြှုပ်မိုင်းနင်းမိပေါက် ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။…