December 2024

လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂ တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာလို့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အ ခမ်းအနားမှာ စစ်ခေါင်းဆောင်က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြား‌အောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပျက်ပြားအောင်…

မသန်စွမ်းဘဝတွေ အဆိုးဝါးဆုံး အခြေအနေရောက်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၂ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း မသန်စွမ်းသူတွေဟာ ကျန်းမာ ရေးနဲ့ စားဝတ်နေရေးကအစ အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းနီးပါးရှိတဲ့ မသန်စွမ်းသူတွေဟာ အာဏာသိမ်းကာလအတွင်း စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းကအစဆုံးရှုံးလာတဲ့အတွက် အသက် ရှင်နေထိုင်ဖို့ပင် အခက်ကြုံနေရပါတယ်။…

ကော့သောင်းမှာ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ကော့သောင်း၊ ဒီဇင်ဘာ ၁၂ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား၊အမျိုးသမီးနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို ခြံလုပ်သား အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အားအများအပြားနဲ့ စက်လှေသုံးစီးနဲ့ ကော့သောင်းမြို့ကနေ မလိဝမ်းဒေသကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျေးရွာအတွင်းက…

ကရင်ပြည်နယ်မှာ စစ်မှုထမ်းမပေးရင် ပေါ်တာဆွဲဖမ်းဆီးမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၂ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စုလျှင် စစ်မှုထမ်းတပ်သားသစ်တစ်ဦး ပေးရမှာဖြစ်ပြီး အမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာမှုမရှိပါက ပေါ်တာဆွဲဖမ်းဆီးသွားမယ်လို့ လှိုင်းဘွဲစစ်ဗျူဟာမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ KNU ဗဟိုက သ တင်းထုတ်ပြန်ပါတယ်။ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ က ရပ်ကွက်နဲ့ ဃ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ထော်ရွဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊…

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ တော်လှန်ရေးမှာ ပြန်လည်ပါဝင်ပေးဖို့ PNFC နဲ့ PNLO/PNLA တိုက်တွန်း

မော်လမြိုင် ဒီဇင်ဘာ ၁၁ စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ် PNO အနေနဲ့ ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်ရေးစေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA တို့က တိုက်တွန်းလိုက်ပါတယ်။ PNO/PNA ဖွဲ့စည်းချိန်မှာကတည်းက ချမှတ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု…

ဆောမြို့နယ် ကျောက်ထုမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးမှုတွေရှိနေ

မကွေး ဒီဇင်ဘာ ၁၁ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေကို ဦးတည်ပြီး နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ ကနေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ…

ထိုင်းနိုင်ငံမှာ ပန်းရောက်ကတ် ရိုက်မယ်ဆိုရင် ဘာတွေ သိထားသင့်လဲ။

“ဒီတစ်ကြိမ်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်တဲ့ အေဂျင်စီကို ချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထားကို ရအောင် လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော် အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်” – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း) မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်အနေအထားနဲ့ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်လုပ်ခွင့်…

နိုင်ငံတကာဥပဒေကို မလိုက်နာရင် တရားစွဲမယ်လို့ မြန်မာကို ICC ရှေ့နေချုပ် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေ အရှိန်ပိုမြင့်လာမယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ICC ရှေ့နေချုပ် ကာရမ်ခမ်းက သတိပေးလိုက်ပါတယ်။ ICC ရဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ အရင်က မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပဲ အဓိက စုံစမ်းဖော်ထုတ်ခဲ့တာ…

အာဏာသိမ်းမှု ကာကွယ်ရေး ဖူထိုင်းပါတီရဲ့ ဥပဒေကြမ်းကို ထိုင်းနိုင်ငံရေးပါတီတွေ ကန့်ကွက်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၁ အနာဂတ်မှာ စစ်တပ် အာဏာသိမ်းမှုတွေကို ကြိုတင် ကာကွယ်နိုင်ဖို့ အာဏာရ ဖူထိုင်းပါတီ လွှတ်တော်အမတ် တစ်ဦး တင်သွင်းတဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဥပဒေကြမ်းကို ညွှန့်ပေါင်းအဖွဲ့ဝင် UTN ပါတီနဲ့ အတိုက်အခံ PPRP ပါတီတို့ကပါ ကန့်ကွက်ခဲ့ကြပါတယ်။ UTN ပါတီ လွှတ်တော်အမတ် ပြောရေးဆိုခွင့်ရှိသူက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေမှာ…

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်း

ဆိုးလ်၊ ဒီဇင်ဘာ ၁၁ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ဟာ ထိန်းသိမ်းရေးစင်တာမှာ အောက်ခံအဝတ်အစားကို သုံးပြီး ဒီဇင်ဘာ ၁၀ ရက်က ကိုယ့်ကိုယ်ကို…