December 2024

ထိုင်းရေလုပ်သားလေးဦး လွတ်မြောက်ရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားမယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၁ ထိုင်းရေလုပ်သား လေးဦး ပြန်လည် လွတ်မြောက်ရေး ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂီယမ်ပွန်ဆာဟာ ဒီဇင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံသို့ သွားပြီး စစ်ကောင်စီ အရာရှိတွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံသား လေးဦးကို မြန်မာဖက်က ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း…

ပခုက္ကူမြို့နယ် ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ သင်္ဃန်းဝတ် နှစ်ဦးကို လူထုဆန္ဒအရ အပြစ်ပေးမယ်

မကွေး ဒီဇင်ဘာ ၁၄ မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ သင်္ကန်းဝတ် နှစ်ဦးကို လူထုဆန္ဒအပေါ် မူတည်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ အမှတ် ၈ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ​ဒီဇင်ဘာ ၁၁ ရက်မှာ ​ကာကွယ်ရေးအဖွဲ့တွေက ပခုက္ကူမြို့နယ် ရေလာ​လေး ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မဘသ…

မြန်မာလူဦးရေ ၁၅ သန်းကျော် စာနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံရနိုင်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄ လာမယ့် ၂၀၂၅ နှစ်မှာ မြန်မာလူဦးရေ ၁၅ သန်းကျော်ဟာ စာနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ UNOCHA ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မကြုံစဖူးအဆင့်ကို ရောက်ရှိလာပြီး လာမယ့်နှစ်မှာ…

KNU နယ်မြေမှာ စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး

ကျောက်ကြီး၊ ဒီဇင်ဘာ ၁၄ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ(လယ်ဒိုကော်ဆာ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ KNU ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချငွေညှစ်တာ၊ ရိုက်နှက်တာ၊ ပစ္စည်းတွေခိုးယူမီးရှို့တာတွေအပြင်…

စစ်အာဏာသိမ်း (၁၄၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၄၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၄ AAPP ရဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၂) ရက်အတွင်း ပြည်သူ (၆၀၄၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်း မတရားစုဆောင်းခံရသူတွေကို ကူညီပေးမယ်လို့ ပြည်သူ့ရင်ခွင် ကြေညာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းမှုကို တစ်ကျော့ပြန် အရှိန်မြှင့်တင်လာတဲ့အတွက် အဲဒီလို မတရားစုဆောင်းခံရသူတွေကို ကူညီပေးသွားမယ်လို့ ပြည်သူ့ရင်ခွင့်အဖွဲ့က ဒီ ဇင်ဘာ ၁၂ ရက်နေ့မှာ အသိပေးကြေညာပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီးပြီး စစ်မှုထမ်းစေတဲ့ ဖြစ်စဉ်တွေ မြင့်တက်နေတာပါ။ ဒါကြောင့် မတရား စစ်မှုထမ်းစုဆောင်းခံရသူတွေ…

အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း မြန်မာ့စီးပွားရေး အနုတ် ၁ ရာခိုင်နှုန်းအောက်ထိကျဆင်း

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း နိုင်ငံ့စီးပွားရေးဟာ အနုတ် ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ အခုဘဏ္ဍာနှစ် ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာ့စီးပွား ရေးဟာ အနုတ် ၁…

လောင်းလုံးမှာ စစ်ယာဉ်တန်းပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး

လောင်းလုံး၊ ဒီဇင်ဘာလ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အင်းစောက်ကျေးရွာ ပြည်လုံးချမ်းသာဘုရားအနီးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ယာဉ်တန်းပစ်ခံရပြီး စစ်ကောင်စီဘက်က ပြန်ပစ်ရာကနေ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက် မနက် ၆ နာရီခန့်မှာ မင်းရပ်ကျေးရွာဘက်ကနေ လောင်းလုံးဘက်ကို ပြန်တက်လာတဲ့ စစ်ကောင်တပ်သားတွေလိုက်ပါလာတဲ့ကား ၃…

ဘီးလင်းမှာ စစ်ယာဉ်တန်းလုံခြုံရေး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

ဘီးလင်း၊ ဒီဇင်ဘာလ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တန်းလုံခြုံရေး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း KNU သထုံခရိုင်တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ ရန်ကုန်-မော်လမြိုင်လမ်းအတိုင်းလာမယ့် စစ်ယာဉ်တန်းအတွက် လုံခြုံရေးလာယူတဲ့ စစ်ကောင်စီအဖွဲ့ကို…

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ထပ်မံ ပေးအပ်မယ့် အစီအစဉ် အမေရိကန် ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃ သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်မလာခင် ကိဗ်စစ်တပ်ကို အားဖြည့်ရေး အလျင်အမြန် ကြိုးပမ်းနေချိန် ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ ထပ်မံ ပေးပို့မယ့် အစီအစဉ်ကို အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနေရတဲ့…