December 2024

ဆီးရီးယားကနေ ရုရှားစစ်တပ် အလုံးအရင်းနဲ့ စတင်ဆုတ်ခွာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ သမ္မတ ဘာရှား အယ်လ် အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားမှ စစ်သုံး ပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ ပြန်လည် ဆုတ်ခွာမှု စတင်နေပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦး၊ ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ အနောက်တိုင်း အရာရှိ တစ်ဦးတို့က ပြောကြားလိုက်ပါတယ်။ ရုရှားတပ်တွေ ဆုတ်ခွာမှုဟာ ကြီးကြီးမားမား…

အမေရိကန်ထုတ် အဆင့်မြင့် သံချပ်ကာကား ပထမအသုတ် ထိုင်ဝမ် လက်ခံရရှိ

တိုင်ပေ၊ ဒီဇင်ဘာ ၁၇ ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ဖို့ ထိုင်ဝမ်က စစ်ရေးစွမ်ပကား တိုးမြှင့်နေချိန်မှာ အမေရိကန်ထုတ် အဆင့်မြင့် Abrams သံချပ်ကာကား ၃၈ စီးကို ပထမအသုတ် အဖြစ် လက်ခံရရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်က မှာထားတဲ့ သံချပ်ကာကား ၁၀၈…

ရွှေကျင်မှာ စစ်တပ်လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရွှေကျင်၊ ဒီဇင်ဘာ ၁၇ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင် ဘာ ၁၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က အင်္ဂနီကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၇ ခြေ လျင်တပ်ရင်း…

မာနယ်ပလောဒေသကို KNU ပြန်လည်သိမ်းပိုက်

လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ နို့ဒေးစခန်းကုန်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မာနယ်ပလောဒေသထဲမှာ နောက်ဆုံးကျန်ရှိတဲ့ နို့ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စခန်းတစ်ခုလုံးကို…

စစ်အာဏာသိမ်း (၁၄၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၅၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၇ AAPP ရဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၅) ရက်အတွင်း ပြည်သူ (၆၀၅၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ပြက်လုံးဖြစ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်နက်စွန့်ပါကမ်းလှမ်းမှု

နေပြည်တော် ၊ ဒီဇင်ဘာ ၁၇ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ်ဆိုက်လာချိန်တိုင်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး ဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။ ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရချိန် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က…

မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေကြောင့် လုယက်မှုအဖြစ်များလာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေ အကြီးအ ကျယ် ထည့်သွင်းကျင်းပနေတဲ့အတွက် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုရက် ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်မှာ လုယက်ခံရတဲ့ဖြစ်စဉ် ခြောက်ခုထက်မနည်း ရှိနေပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံအိတ်နဲ့ဖုန်းတွေလုပြေးတာ၊…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီ၊ ဒီဇင်ဘာ ၁၇ တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ ၁၅၀ ကျော်သာ ပြန်လွတ်လာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ FE5…

သိမ်ဇရပ် ပစ်ခတ်မှု နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သိမ်ဇရပ် ၊ ဒီဇင်ဘာ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာရှိ KKK ကြက်စာအရောင်းဆိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတို့ကြား…

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံတစ်ဦးနဲ့ အဆက်အသွယ်ပြတ်နေ

မကွေး ဒီဇင်ဘာ ၁၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဲဒီအဖမ်းခံရသူနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ အဲဒီဒေသခံကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး ၆ ရက် ကြာတဲ့အထိမိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ဇီးခြံက ဦးအေးဆိုတဲ့သူကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာမှန်းမသိရဘူး။ မိသားစုနဲ့လည်း အဆက်သွယ်မရဘူးပြောတယ်။…