December 30, 2024

ခရီးသည်လေယာဉ် ပစ်ချမှု ဝန်ခံဖို့ ရုရှားကို အဇာဘိုင်ဂျန် သမ္မတ ပြော

ဘာကူ၊ ဒီဇင်ဘာ ၃၀ လူအများအပြား သေဆုံးခဲ့ရတဲ့ အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်း အမှန်ကို ကနဦးမှာ ရုရှားက ဖုံးကွယ်ထားဖို့ ကြိုးပမ်းခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယေ့ဗ်က စွပ်စွဲလိုက်ပြီး မော်စကိုအနေနဲ့ သူတို့ ပစ်ချလိုက်တာ ဖြစ်တယ်ဆိုတာကို ဝန်ခံဖို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ AZAL Embraer…

နိုဘယ်ငြိမ်းချမ်းဆုရှင် အမေရိကန်သမ္မတဟောင်း အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်

ပလိန်းစ်၊ ဒီဇင်ဘာ ၃၀ ၃၉ ယောက်မြောက် အမေရိကန်သမ္မတ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ကာတာ စင်တာက ဒီဇင်ဘာ ၂၉ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သမ္မတရာထူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာတာဟာ သူ့ရဲ့…

ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် သေဆုံးတယ်လို့ AA ပြော

ဂွ၊ ဒီဇင်ဘာ ၃၀ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူး၊တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဂွမြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဒီဇင်ဘာ…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သုံးဦး သေဆုံး

ကျိုက်ထို၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အင်အား ခြောက်ဦးရှိတဲ့ တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စကားများ ရန်ဖြစ်ရာကနေ အချင်းချင်း…