ကော့ကရိတ်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေ သတွင်းစစ်ရေးသတင်း ရင်းမြစ်တွေထံကနေ သိရပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြို့ မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက ရန်ကုတ်ရွာဘက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျလက်အောက်ခံ စစ် ကြောင်းတို့နဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ဒီဇင်ဘာလ တတိယအပတ်ကျော်လာတဲ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာဖြစ်ပါတယ်။

ဒေါနတောင်တန်းပေါ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ အောင်ဇေ ယျလက်အောက်ခံ စစ်ကြောင်းတွေကို KNLA တော်လှန်ရေးတပ်ပေါင်းစုတို့က ဝိုင်းရံပိတ်ဆို့တိုက် ခိုက်နေပြီး စစ်ကောင်စီ တပ်ဘက်ကလည်း ကော့ကရိတ်မြို့ပေါ်ကနေ အတွဲလိုက်ပစ်ဒုံးတွေ၊ လက် နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အတွဲလိုက်ပစ်ဒုံးနဲ့ ပစ်ခတ်မှုကြောင့် အခုရက်ပိုင်းအတွင်း KNLA တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၄ ဦးကိုလည်း လက်နက်နဲ့အတူ ဖမ်းဆီးသိမ်းဆည်ရ ရှိခဲ့ကြောင်း Justice Soldier PDF က အသိပေးထုတ်ပြန်ထားပါတယ်။

ဒေါနတောင်တန်းပေါ်မှာရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းဆီကို စစ်ကူပေးပို့နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေအပါအဝင် စစ်ကူအင်အားတွေကို ဘားအံ၊ ကျုံဒိုး၊ နဘူးဒေသကနေတစ်ဆင့် ကော့ကရိတ်မြို့ထဲကို ပို့လွှတ်နေတာတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နဲ့ သင်္ကန်းညီနောင်ဒေသအပါအဝင် အာရှလမ်းမကြီးကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လပိုင်းကတည်းက နိုင်ငံတော်အဆင့်စစ် ဆင်ရေးဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုတွေကြောင့် ဒေါနတောင်ပေါ်မှာ ပိတ်ဆို့ခံထားရသလို ထိခိုက်သေဆုံးဒဏ်ရာရတာနဲ့ ထွက်ပြေးအလင်းဝင်မှုတွေ ဆက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.