December 23, 2024

စစ်အာဏာသိမ်း (၁၄၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၄ AAPP ရဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၂၂) ရက်အတွင်း ပြည်သူ (၆၀၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၉၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

AA နဲ့ အတူ တိုက်ပွဲဝင်မယ်လို့ NUG ပြောဆိုမှု အလုပ်ဖြစ်နိုင်မလား

အမ်း ၊ ဒီဇင်ဘာ ၂၄ မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အာရက္ခတပ်တော် AA နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလာပါတယ်။ ရခိုင်ပြည်နယ်ရှိ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်း ပိုက်နိုင်ခြင်း အောင်ပွဲအတွက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ NUG က…

ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားတဲ့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရ

ရေဖြူ၊ ဒီဇင်ဘာ ၂၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားတဲ့ ဒေသခံတွေအနက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့သမျှ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဒေသခံတွေအနက်…

လောင်းလုံးတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးနေရ

လောင်းလုံး၊ ဒီဇင်ဘာ ၂၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေ သခံပြည်သူ တစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

ကျိုက်ထို၊ ဒီဇင်ဘာ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ…

ထိုင်ဝမ်အရေး အမေရိကန်ရဲ့လုပ်ရပ် မီးနဲ့ ကစားနေတာလို့ တရုတ် သတိပေး

ဘေဂျင်း၊ ဒီဇင်ဘာ ၂၃ ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချမှုနဲ့ အကူအညီ ပေးပို့ကြောင်း အမေရိကန်ရဲ့ နောက်ဆုံး ကြေညာချက်ကို တရုတ်အစိုးရက ဒီဇင်ဘာ ၂၂ ရက်မှာ ကန့်ကွက်လိုက်ပြီး အဲဒီလို လုပ်ဆောင်ချက်ဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ထိုင်ဝမ်အတွက် စစ်ပညာ လေ့ကျင့်သင်ကြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်နဲ့ ဝန်ဆောင်မှုတွေအတွက် ကန်ဒေါ်လာ…

ဂွမြို့ သိမ်းပိုက်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ AA ပြော

ဂွ၊ ဒီဇင်ဘာ ၂၃ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဂွ မြို့သိမ်းတိုက်ပွဲအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခမရ-၅၄၄ နဲ့ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို…

ယူကရိန်းကို ဖျက်ဆီးပစ်မယ်လို့ ပူတင် ကြွေးကြော်

မော်စကို၊ ဒီဇင်ဘာ ၂၃ ရုရှားနိုင်ငံ အလယ်ပိုင်းရှိ ခါဇန်မြို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကို ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထပ်မံ ကြုံတွေ့ရအောင် လုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ ရှေ့တန်း စစ်မျက်နှာတွေနဲ့ မိုင် ၆၂၀ အကွာရှိ ခါဇန်မြို့ မှာရှိတဲ့ အဆင့်မြင့် တိုက်တန်း…

နယ်မြေများစွာ ဆုံးရှုံးပြီးနောက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်ပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၂၃ အခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် စိုးမိုးနယ်မြေများစွာ လက်လွှတ်ဆုံးရှုံးပြီးနောက်ပိုင်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ပြောလာပါတယ်။ နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ ရနိုင်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကျေးဇူးတော်ချီးမွမ်းပွဲမှာ ပြောသွားခဲ့တာပါ။ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို…