မော်လမြိုင်၊ ဒီဇင်ဘာ ၃
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး၊ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး၊ စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီဇင်ဘာ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။
PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သေဆုံးသူတွေဟာ နဂိုရောဂါအခံရှိသူတွေနဲ့ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် အများဆုံးသေဆုံးခဲ့တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွေထဲမှာ အစားအသောက်အာဟာရ ပြည့်ဝစွာမရရှိဘဲ ရော ဂါဝင်လာသူတွေ၊ သောက်သုံးရေမှာ ခဲဓာတ်ပါဝင်မှုများတာကြောင့် ကျောက်ကပ်ရောဂါ ဆိုးရွားလာပြီးနောက် သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အသည်းရောဂါ၊ အဆုတ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ၊ သွေးတိုးရောဂါ၊ ရင်ကြပ်ရောဂါတွေနဲ့ ဆေးဝါးကုခွင့်မရတာ၊ ဆရာဝန်ရဲ့ ပေါ့လျော့မှုအပါအဝင် အချိန်မီဆေးမကုနိုင်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား သေဆုံးမှုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံ လောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ အချက် အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ