November 2024

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ ၆၀၀၀ ကျော် ထွက်ပြေးနေရ

ညောင်လေးပင်၊ နိုဝင်ဘာ ၂၂ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၆၀၀၀ ကျော်ဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီရဲ့…

ဂါဇာမှာ အပစ်ခတ်ရပ်စဲရေး ဆုံးဖြတ်ချက် အမေရိကန် ဗီတိုအာဏာနဲ့ ပယ်ချ

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁ ဟားမာ့စ်နဲ့ အစ္စရေးစစ်ပွဲ ရပ်တန့်စေဖို့ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုကို တစ်ခါထပ်ပြီး တားဆီးတဲ့အနေနဲ့ အမေရိကန်က ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၀ ရက်မှာ ဗီတို အာဏာသုံးပြီး ပယ်ချခဲ့တာကြောင့် သမ္မတ ဘိုင်ဒန်အစိုးရဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဓားစာခံတွေ ပြန်လွှတ်ပေးရေး…

စစ်ကောင်စီအနေနဲ့ အာဆီယံကို ကိုယ်ကျိုးအတွက် အသုံးမချဖို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီး သတိပေး

စင်ကာပူ နိုဝင်ဘာ ၂၁ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အာဆီယံအဖွဲ့ ကျောထောက်နောက်ခံပြုထားတဲ့ အဓိက အခြေခံမူတွေကို အားနည်းစေတယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပြီး အာဆီယံကို စစ်ကောင်စီအနေနဲ့ ကိုယ်ကျိုးအတွက် အသုံးမချဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မိမိတို့ အားထည့် ကြိုးပမ်း…

ငဖဲမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး

မကွေး နိုဝင်ဘာ ၂၁ မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာ အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်တာကို…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ် ၇၀၀ နီးပါးသေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ အောက် ကလေးငယ် ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ…

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာကအများဆုံးဖြစ်လာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ မြန်မာကအများဆုံးဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တား မြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL က နိုဝင်ဘာ ၂၀ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ထိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် နှစ်စဉ်လူသေဆုံးမှုများနေတဲ့…

ဘုရားသုံးဆူမှာ မိသားစုဝင်သုံးဦးအသတ်ခံရ

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၂၁ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မိသားစုဝင်သုံးဦး ရက်ရက်စက် စက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘုရားသုံးဆူမြို့ အမှတ် ၂ ရပ်ကွက်ရှိ လျှပ်စစ်ဝန်းထမ်းတန်းလျားမှာ နေထိုင်တဲ့ ကျောင်းဆရာမနဲ့တူဖြစ်သူအပါအဝင် သူရဲ့အဖေတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းမှာ အမည်မသိလူတစ်စုက ကားနဲ့လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီနောက် နိုဝင်ဘာ…

ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ရစေမယ်လို့ စစ်ခေါင်းဆောင်ကတိပေး

နေပြည်တော် ၊ နိုဝင်ဘာ ၂၁ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် နိုင်ငံတကာကနေ လေ့လာအကဲခတ်ရေး ကိုယ် စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ့်အပေါ် အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံတယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ တရုတ်ခရီးစဉ်ကနေ သီးခြားစီတွေ့ဆုံခဲ့တဲ့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ဝန်ကြီး ချုပ်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့…

မွန်ပြည်နယ်မှာ အရင်ဆန္ဒပြပွဲ ဦးဆောင်သူတွေ နောက်ကြောင်းပြန် ဖမ်းဆီးခံနေရ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၁ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုအပေါ် လက်မခံဘဲ လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ခဲ့ဖူးတဲ့ ဦး ဆောင်သူတချို့ကို အခုလအတွင်း စစ်ကောင်စီက နောက်ကြောင်းပြန်လှည့်ပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့နီးစပ်သူထံကနေ သိရပါတယ်။ သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ မြို့ပေါ်တွေမှာ ကျန်ရှိနေတဲ့ အရင်ဆန္ဒပြပွဲ ဦးဆောင်သူတွေဟာ တော်လှန်ရေးအဖွဲ့တွေထံ ငွေကြေးထောက်ပံ့တာနဲ့ သတင်းပေးဆောင်ရွက်မှု ရှိ မရှိ ဖမ်း…

လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅၀ နီးပါး သေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ နိုင်ငံတဝန်းမှာ အခုနှစ် လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅၄၃ ဦး သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှား မှုအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ်နဲ့ အကြိမ် ၁၂၁၀ ကြိမ်နဲ့ ဒရုန်းနဲ့ အကြိမ် ၁၀၀…