ရေး၊ နိုဝင်ဘာ ၂၆
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ သေ နတ်နဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အစင်ကျေးရွာအဝင် ပြည်သူ့စစ်ဂိတ်မှာ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူငယ်လေးဦးကို မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်ဖမ်း ဆီးခဲ့တာပါ။
ပြည်သူ့စစ်အဖွဲ့တွေရဲ့ လိုက်လံပစ်ခတ် ဖမ်းဆီးမှုကြောင့် လမ်းဘေးမှာရှိတဲ့ အသက် ၃၀ အရွယ် ကိုယ်ဝန်သုံးလကျော်ပြီးဖြစ်တဲ့ ဒေသခံအမျိုးသမီးဟာ တင်ပါးကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပါတယ်။
သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ရေးမြို့ နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လိုက်လံပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်လေးဦးအနက် တစ်ဦးဖမ်း ဆီးခံလိုက်ရပြီး ကျန်သုံးဦးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တစ်ဦးကိုတော့ ပြည်သူ့စစ်အဖွဲ့က ရေးမြို့မရဲစခန်းထံ လွှဲပြောင်းပေး လိုက်ပြီး လက်ရှိမှာတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း ရေးမြို့နယ် အစင်တံတားလုံခြုံရေးဂိတ်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media