ရွှေကျင်၊ နိုဝင်ဘာ ၂၆
ပဲခူးတိုင်း ရွှေကျင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ခမရ ၅၈၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်း ဆင်း တပ်သားကျော်မင်းအောင်ဟာ KNLA တပ်ရင်း ၉ ထံ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက် နက်ချအလင်းဝင်ခဲ့တာပါ။
လက်နက်ချ အလင်းဝင်လာတဲ့ တပ်သား ကျော်မင်းအောင်ဟာ MA 3 သေနတ် တစ်လက်၊ ကျည်ဘောက် ငါး ခု၊ လက်ပစ်ဗုံး တစ်လုံး နဲ့ ၅.၅၆ ကျည်တောင့် ၁၅၀ ယူဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားကျော်မင်းအောင်ကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ က ဆုငွေကျပ် ၁၀ သိန်း၊ KNU ကျောက်ကြီးမြို့နယ်က ဆုငွေ ကျပ် ၁၀ သိန်း ၊ စုစုပေါင်း ကျပ်သိန်း ၂၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစု ဆောင်းခံခဲ့ရတဲ့ တပ်သားခြောက်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းထံ အလင်းဝင်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းခံရတဲ့ တပ်သားအသစ်တွေဟာ သင် တန်းဆင်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေထံ မကြာခဏဆိုသလို အလင်းဝင်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU