အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းပြုတ်
မော်လမြိုင်၊ နိုဝင်ဘာ ၂၄ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင်ရပ်နားသွားပြီလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဝါး ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာအပြင် အ ထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေ ရပ်နားသွားကြတာပါ။ မွေးမြူရေးလုပ်ငန်းတွေ…