သထုံ၊ နိုဝင်ဘာ ၂၃
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် Denko ဆီဆိုင်အနီးမှာ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်တပ်ကားတစ်စီး အနီးကပ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ သိမ်ဆိပ်အထက်တန်းကျောင်းထံ ကျောင်းပို့ပြီး ပြန်လာတဲ့ သထုံအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းက စစ်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ CCTV ရုပ်သံမှတ်တမ်းအရ လက် နက်ကိုင်အဖွဲ့ဝင် ၇ ဦးနဲ့အထက်ပါတဲ့ ပရိုဘောက်မော်တော်ယာဉ်တစ်စီးဟာ Denko ဆီဆိုင်အနီး အသင့်စောင်းဆိုင်းပြီးမှ အနီးကပ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကားအနီးကပ် တိုက်ခိုက်ခံရပေမယ့် ရပ်တန့်သွားတာမရှိဘဲ အရှိန်ပြင်းနဲ့ ဆက်လက်မောင်းနှင်းသွားတာတွေ့ရပြီး အဲဒီနောက်မှာတော့ လက်နက်ကိုင်အဖွဲ့ကလည်း ကားနဲ့ချက်ချင်း ပြန်ထွက်သွားတာ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက အ တည်ပြုထားပြီး လက်ရှိမှာ ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။
အမှတ် ၉ ခြေမြန်တပ်ရင်းက စစ်ကားတစ်စီးတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သထုံအခြေစိုက် တော် လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အ ကြောင်းပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PAN