မော်လမြိုင်၊ နိုဝင်ဘာ ၂၁

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ မြန်မာကအများဆုံးဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တား မြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL က နိုဝင်ဘာ ၂၀ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ထိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် နှစ်စဉ်လူသေဆုံးမှုများနေတဲ့ ဆီးရီးယားနိုင်ငံထက် ထိခိုက်သေဆုံးသူ ၇၀ ဦး ပိုများခဲ့တယ်လို့ ဆိုပါတယ်။

နှစ်စဉ် ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ ဆီးရီးယားနိုင်ငံမှာတောင် ၂၀၂၃ ခုနှစ်အတွင်းမှာ ၉၃၃ ဦးသာ သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေဟာ အဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်စာ ရင်းတွေထက် မြေပြင်မှာ နှစ်ဆ ၊ သုံးဆပင် ပိုများနိုင်တယ်လို့ ICBL က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရမှု အရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့ပြီး ကာလရှည် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အာရပ်နိုင်ငံ ဆီရီးယားထက် အခြေအနေဆိုးလာတာပါ။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုအရေအတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်အတွင်း ၁၇၂၆ ဦးအထိ ရှစ်ဆနီးပါး တိုးမြှင့်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.