November 12, 2024

ကျောက်ကြီးမှာ နောက်တန်းပြန်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

ကျောက်ကြီး၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း ကျောက်ကြီးမြို့ကနေ နတ်သံကွင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာထိပ်မှာ…

ယူကရိန်းမှာ ရုရှား အနိုင်ရရင် အမေရိကန်အတွက် ရှုံးနိမ့်မှုဖြစ်လာမယ်လို့ အီးယူသံတမန် သတိပေး

ကိဗ်၊ နိုဝင်ဘာ ၁၂ မကြာမီ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာတော့မယ့်အချိန်မှာ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ယူကရိန်းမှာ ရုရှားကို အနိုင်ယူခွင့်ပေးလိုက်ရင် အမေရိကန်အတွက် ရှုံးနိမ့်မှု တစ်ခု ဖြစ်လိမ့်မယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ “ယူကရိန်း ပြိုလဲပြီး စစ်ပွဲမှာ ပူတင် အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်အတွက် အောင်ပွဲ…

တရုတ်က ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ ပြသဖို့ရှိ

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၂ ဘေဂျင်းအစိုးရရဲ့ စစ်လက်နက် တီထွင် ထုတ်လုပ်မှုတွေကို လေ့လာသူတွေနဲ့ ပြိုင်ဖက် အင်အားကြီးနိုင်ငံတွေက စောင့်ကြည့်နေချိန် ရှားရှားပါးပါး လေ့လာခွင့်အဖြစ် လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် လေကြောင်း ပြပွဲကြီးမှာ တရုတ်က ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို မိတ်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။ တောင်ပိုင်းမြို့ ကျူးဟိုင်မှာ နှစ်နှစ် တစ်ကြိမ်…

ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်

မကွေး နိုဝင်ဘာ ၁၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ်လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂နာရီ ၅၉ မိနစ်မှာ ပုသိမ်-မုံရွာ လမ်းပိုင်းကြီးဝ တမံလမ်းခွဲမှာ ဗုံးသုံးလုံး၊ ကျွဲခြံနဲ့လယ်မရွာတွေကို ဗုံးနှစ်လုံးနဲ့ ပစ်ခတ်သွားတာပါ။ “MI 35 နဲ့လာပြီးတော့ပစ်သွားတာ၊ သုံးမိုင်ကို…

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ ထပ်မံဗုံးကြဲခံရ

နောင်ချို၊ နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ နောင်ချိုမြို့ ရဲစခန်း၊ ဈေးရပ်ကွက်နဲ့ တောင်ရပ်ကွက်တွေကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နဲ့…

မင်းတပ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး

မင်းတပ်၊ နိုဝင်ဘာ ၁၂ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ နေလည်ပိုင်းမှာလည်း မင်းတပ်မြို့ကို စစ်ကောင်စီလေတပ်က Y12 တိုက်ခိုက်ရေး လေယာဉ်နဲ့…

ဖာပွန်မြို့အနီးက ကူးဆိပ်တပ်စခန်းကို KNLA/PDF သိမ်းပိုက်

ဖာပွန်၊ နိုဝင်ဘာ ၁၂ စစ်ရေးဗျူဟာအရ အရေးပါတဲ့ ခေါပုတ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး တစ်ပတ်ကျော်အကြာ စစ်ကောင်စီတပ်ရဲ့ နောက်ထပ်သက်တမ်းရင့် စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်မြို့အနီးက ကူးဆိပ်တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဖာပွန်မြို့နဲ့ မထောကျေးရွာကြား ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆…