ကျောက်ကြီး၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ငဖယ်အင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပိန်းဇလုပ်အခြေစိုက် အမှတ် ၂၆၄ ခြေလျင် တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ငဖယ်အင်းကျေးရွာထဲကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငဖယ်အင်းကျေးရွာနေ ဦးကျော်မျိုးအေး ထိမှန်သေ ဆုံးခဲ့ပြီး စောဘက်လက်ဟာ လက်မောင်းကျည်စထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်တစ်လုံးနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ က ရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အလားတူ နိုဝင်ဘာ ၃ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ပဲသောင်ကျောင်းရွာနဲ့ လိန်ပင်ကျေး ရွာအကြားသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေဆုံးရှုံးမှု များပြားလာချိန် ပြည်သူတွေ နေထိုင်ရာကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်လာတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.