November 7, 2024

စစ်အာဏာသိမ်း (၁၃၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၃၆) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၈ AAPP ရဲ့ နိုဝင်ဘာ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၇၆) ရက်အတွင်း ပြည်သူ (၅၉၃၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုတွေရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအပေါ် ထိ ခိုက်မှုတွေရှိနေပြီး ရာသီပေါ် သီးနှံတချို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာလအလယ်နဲ့ နိုဝင်ဘာပထမအပတ်အတွင်း မွန်ပြည်နယ်ရဲ့ မြို့နယ်အားလုံးမှာ အချိန် အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့ ကြုံနေရတာပါ။ မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ အဓိက…

ညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ နိုဝင်ဘာ ၈ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကနေတဆင့် အသိပေးပါတယ်။ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၆ ရက်နေ့မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းနဲ့ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တာပါ။ MNDAA…

သံဖြူဇရပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

သံဖြူဇရပ်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။ နိုဝင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း…

စစ်တောင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့လာ

စစ်တောင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့လာ မော်လမြိုင်၊ နိုဝင်ဘာ ၈ ပဲခူးတိုင်း ဝေါမြို့နယ်နဲ့ရွှေကျင်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့နဲ့ ထိစပ်နေတဲ့ စစ်တောင်းမြစ်တလျှောက် စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ဆေးရေးဂိတ်တွေ၊ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတွေနဲ့ တပ်ရင်းတွေမှာ နဂိုရှိရင်းစွဲ အင်အားတွေထက် ပိုပြီး တိုးချဲ့လာတာ ဖြစ်ပါတယ်။ တပ်အင်အားတိုးချဲ့ရာမှာ စစ်ဆေးရေးဂိတ်မှာဆိုရင်…

ဒေါ်နယ်ထရန့်နဲ့ လက်တွဲ အလုပ်လုပ်မယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကတိပြု

ဟောင်ကောင်၊ နိုဝင်ဘာ ၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို အနိုင်ရခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ကမ္ဘာ့ ခေါင်းဆောင်တွေ သူ့ထက်ငါဦးအောင် ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာအိုနင်းက ဘေဂျင်းအစိုးရအနေနဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့ မျှော်လင့်တယ်လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ…

စစ်ကောင်စီကို ကူညီမယ်လို့ တရုတ်ဝန်ကြီးချုပ် ကတိပြု

ရန်ကုန်၊ နိုဝင်ဘာ ၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှားရှားပါးပါး တွေ့ဆုံမှုအတွင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက စစ်ကောင်စီကို ကူညီမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါက ပိုဆိုးလာတဲ့ ပြည်တွင်းစစ်အတွင်း နယ်မြေတွေ ဆုံးရှုံးနေတဲ့ စစ်ကောင်စီကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဘေဂျင်းအစိုးရက ကြိုးပမ်းနေတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းမှု အခြေအနေ တိုးတက်လာစေရေး…

မွန်ပြည်နယ်မှာ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀ ဦး သေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၇ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေရှင်းက နိုဝင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ ထိခိုက်သေဆုံးရတဲ့သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ် ဖြတ်ခံရတာ၊ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး…

သရက်ချောင်းမှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲခံရလို့ သုံးဦးသေဆုံး

သရက်ချောင်း၊ နိဝင်ဘာ ၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြားမှာ စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါ တယ်။ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီကျော်ခန့်က သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ကို မြေသယ်ယာဉ်နှစ်စီးနဲ့ အင်အား ၅၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းလေးလုံးဆွဲပြီး တိုက် ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်…