October 2024

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း

နေပြည်တော်၊ အောက်တိုဘာ ၂၅ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၅ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဝါဒ ဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင် တန်းကာလ ၂ လနဲ့ ရက်ပေါင်း…

လားရှိုးက ရွှေမြင်းနှစ်ကောင်ဓာတ်ခဲစက်ရုံ ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး

လားရှိုး၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၅ ရက် နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံကို စစ်ကောင်စီကလေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်…

သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုထံကနေ သိရပါတယ်။ စစ်ကောင်စီက အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ နေအိမ်ကိုလာရောက်ချိပ်ပိတ်သွားတာပါ။ “စကစအနေနဲ့ ပြည်သူတွေအပေါ် အာဃာတအညှိုးတကြီးနဲ့ ဆက်ဆံနေတယ်ဆိုတာ…

မြန်မာ့အရေး တရုတ်အစိုးရအပေါ် ပြည်သူတွေဝေဖန်မှုမြင့်တက်နေ

မော်လမြိုင် ၊ အောက်တိုဘာ ၂၆ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အိမ်နီးချင်းတ ရုတ်နိုင်ငံအစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုအပေါ် မြန်မာပြည်သူတွေကြား ဝေဖန်မှုမြင့်တက်နေပါတယ်။ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ ပိုစ့်တွေအောက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ရပ်တန်းကရပ်ဖို့ မှတ်ချက်ပြု ရေးသားနေကြတာပါ။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး မြန်မာပြည်သူတွေကို သတ်…

မွန်ပြည်နယ်က ပွဲလမ်းသဘင်တွေမှာ လောင်းကစားဝိုင်းတွေကို ကြက်ပျံမကျ ကျင်းပခွင့်ပြုနေ

မော်လမြိုင် ၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ်မှာ အခုနှစ်ပွင့်လင်းရာသီအတွင်း စစ်ကောင်စီဘက်က ကျင်းပခွင့်ပြုထားတဲ့ ပွဲလမ်းသ ဘင်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ကြက်ပျံမကျ ထည့်သွင်းလာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေနဲ့ စည်းကားစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ ပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ်…

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်လင်မယားကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ KNU ပြော

ကျိုက်ထို၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ဗိုလ်လင်မ ယားနှစ်ဦးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNU သထုံခရိုင်အ တွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက် တိုဘာ ၁၂ ရက်နေ့က သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

ရွှေကျင်မှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦးဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ ၂၆ ပဲခူးတိုင်းရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန် တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁ မမ လက်နက်ကြီးတစ်လုံး…

တနင်္သာရီတိုင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကို တော်လှန်ရေးတပ်တွေ ဘယ်လိုကာကွယ်နေလဲ။

“စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှု ဆိုတာထက် ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောပဲ။ သူတို့က မြို့နဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေအဖြစ် ပြန်ရအောင် လုပ်နေတဲ့သဘော တွေ့ရတယ်” – ရဲဘော်ဂျိုကာ (တနင်္သာရီတိုင်း စစ်ဌာန) မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေရတဲ့ အနေအထားမှာရှိပါတယ်။ စစ်ကောင်စီက…

ယူကရိန်း လက်နက်ဝယ်ယူဖို့ ဗြိတိန်က ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထည့်ဝင်မယ်

လန်ဒန်၊ အောက်တိုဘာ ၂၅ ယူကရိန်းအတွက် လက်နက် ဝယ်ယူဖို့နဲ့ ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ဖို့ ဂျီ-၇ အဖွဲ့ရဲ့ ပိုကြီးမားတဲ့အကူအညီ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြိတိန်က ကိဗ် အစိုးရကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်က လှူဒါန်းတဲ့ ငွေတွေဟာ ယူကရိန်းအတွက် လက်နက်တွေ…

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ BRICS အဖွဲ့ရဲ့ မိတ်ဖက်တွေ ဖြစ်လာ

စင်ကာပူ၊ အောက်တိုဘာ ၂၅ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှ လေးနိုင်ငံဟာ အနောက်တိုင်းကို တုံ့ပြန်မယ့် စီးပွားရေး အင်အားစု တစ်ခုလို့ ရှုမြင်ခံထားရတဲ့ BRICS အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာပါတယ်။ BRICS အဖွဲ့ရဲ့ X လူမှုမီဒီယာအကောင့်မှာတော့ အဲဒီနိုင်ငံတွေ အပါအဝင် ၁၃ နိုင်ငံဟာ မိမိတို့ မဟာမိတ်အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ…