October 2024

ကြာအင်းဆိပ်ကြီးမှာ ဗုံးကြဲခံရလို့ အရပ်သား တစ်ဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၈ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပနော်ကလဲခီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ နေပြည်တော်လေတပ်က Yak-130 အမျိုးအစား တိုက်လေယာဉ်ဟာ တိုက်ပွဲမရှိဘဲ…

စစ်ရာဇဝတ်မှုတွေမှာ ရင်နှီးမြုပ်နှံနေမှု အဆုံးသတ်ရေး ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်သပိတ်အင်အားစု လှုပ်ရှားမှုပြုလုပ် (သတင်းဓာတ်ပုံ)

မုံရွာ အောက်တိုဘာ ၂၇ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်ပြီး ရပ်ရွာ လူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုတွေကို ရပ်တန့်ပေးဖို့ “Airbus: End investment in AVIC” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲရဲ့ တောင်းဆို လှုပ်ရှားမှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ…

ရွှေဈေးထိန်းချုပ်ဖို့ စစ်ကောင်စီ ကော်မတီဖွဲ့

နေပြည်တော် ၊ အောက်တိုဘာ ၂၇ အာဏာသိမ်းမှုကြောင့် မတည်မငြိမ်နဲ့ အတက်ကြမ်းနေတဲ့ ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်ဖို့အ တွက် ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ဖွဲ့စည်းခဲ့တဲ့ အဲဒီကော်မတီဟာ နိုင်ငံအတွင်းရွှေဈေးနှုန်း တည် ငြိမ်မှန်ကန်စေဖို့နဲ့ နေ့စဉ်ရွှေရည်ညွှန်းဈေးတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းတွေနဲ့အညီ သတ်မှတ်နိုင်ဖို့…

စစ်ကောင်စီအရှိုက်ကို ထိုးနှက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့်

နေပြည်‌တော် ၊ အောက်တိုဘာ ၂၇ စစ်ကောင်စီလက်ထက်မှာ မြန်မာစစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးလိုက်တဲ့ ညီနောင်မ ဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လူထုထောက်ခံမှုနဲ့အတူ အောက်တိုဘာ ၂၇ ရက်နေ့မှာ တစ်နှစ်တာခရီးကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို သိမ်းပိုက်နိုင်တာကလည်း စစ်ကောင်စီအရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့အောင်ပွဲလို့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊…

KNU နယ်မြေထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်လာ

ဘားအံ၊ အောက်တိုဘာ ၂၇ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ် မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်…

သရက်ချောင်းမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ

သရက်ချောင်း၊ အောက်တိုဘာ ၂၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တပ်အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး သရက်နှစ်ခွ၊ ပန်းပြင်နဲ့ မဲနယ်အိုးကျေးရွာတွေကို အင်အားဖြန့်ခွဲပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကြောင်းထိုးလာတဲ့…

ထီးလင်းမှာ PDF ရဲဘော် လေးဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

မကွေး အောက်တိုဘာ ၂၆ မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲရွာက ရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကို စစ်ကောင်စီတပ်သားတွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်မှာ ကျားခဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ကျားခဲရွာအဝင် မြောက်ဘက်ဂိတ်မှာ သတ်ဖြတ်သွားတာလို့ သိရပါတယ်။ “သိပ်မကြာသေးခင်ကပဲ…

ဂန့်ဂေါ မြောက်ခင်ရန်းရွာက ပျူစောထီးတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

မကွေး အောက်တိုဘာ ၂၆ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာက ပျူစောထီးတွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာမှာ ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက မြောက်ခင်ရန်းရွာကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တောင်ခင်ရန်းနဲ့ ရွှေဘိုရွာတွေဘက်ကို ပစ်ခတ်ခဲ့တာပါ။ “အကြောင်းမဲ့ပစ်ခတ်တာပါ။ တစ်ယောက်ကတော့ ခြေထောက်ကိုဖြတ်ရမယ်။…

ထိုင်းမှာ ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ် တိုးမြှင့်သတ်မှတ်မယ်

ဘန်ကောက်၊ အောက်တိုဘာ ၂၆ စင်ကာပူနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာလိုမျိုး ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍနှစ်ခု စလုံးအတွက် ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ် တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရန်ခန်က ပြောကြားခဲ့ပါတယ်။ ယနေ့ခေတ် ကျန်းမာရေးနဲ့ ဆေးဝါးနယ်ပယ်မှာ အဆင့် တိုးမြှင့်မှုတွေကြောင့် အလုပ်ကနေ အနားယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ်သို့ တိုးမြှင့်ဖို့…

အစ္စရေးက အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်မှု စတင်

တီဟီရန်၊ အောက်တိုဘာ ၂၆ တီဟီရန်အစိုးရနဲ့ သူ့ရဲ့ ကိုယ်စား လက်နက်ကိုင်အဖွဲ့တွေက လနဲ့ချီပြီး အဆက်မပြတ် တိုက်ခိုက်နေမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၂၆ ရက် မနက်စောစောပိုင်းမှာ အီရန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးကို မဆင်မခြင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အီရန်နိုင်ငံရဲ့…