October 2024

စစ်အာဏာသိမ်း (၁၃၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၃၀ AAPP ရဲ့ အောက်တိုဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၆၇) ရက်အတွင်း ပြည်သူ (၅၈၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ပုလောနဲ့ သရက်ချောင်းမှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်

မြိတ် အောက်တိုဘာ ၃၀ တနင်္သာရီတိုင်း ပုလောနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား စုစုပေါင်း ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဒေသခံနဲ့ တော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုလောမြို့နယ် သင်္ဃန်းတော ကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၂ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကြောင်း ရှိနေသေးလို့ သေဆုံးသူတွေရဲ့ အလောင်းမကောက်နိုင်သေးတဲ့အကြောင်း…

အညာကိုတပ်ရွှေ့ပြီး ဒေသတွင်းအင်အားစုတွေနဲ့ ပူးပေါင်းမယ်လို့ BPLA ပြော

စစ်ကိုင်း ၊ အောက်တိုဘာ ၃၀ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA ဟာ နိုင်ငံ့အလယ်ပိုင်း အညာဒေသမှာ တပ်ရွှေ့အခြေချပြီး ဒေသတွင်းအင်အားစုတွေနဲ့ ပူးပေါင်းမယ်လို့ အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ BPLA ဟာ စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ အညာဘက် တပ်ရွှေ့မယ့်ကိစ္စ အဖွဲ့ခေါင်းဆောင်က…

အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန်

မြဝတီ၊ အောက်တိုဘာ ၃၀ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ KNLA PDF တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်နဲ့ ကော့ကရိတ်မြို့အနီး ဒေါနတောင်ပေါ်လမ်းဟောင်းနား ရန်ကုတ်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျပူးပေါင်းစစ်ကြောင်းတွေနဲ့ KNLA PDF တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့အကြား အခုလအောက်တိုဘာလ တတိယအ ပတ်အကုန်လောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို…

မောင်မယ်ရှောင်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ထားဝယ် အောက်တိုဘာလ ၃၀ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေက သံလွင်တိုင်းမ်ပြောပါတယ်။ ဒီကနေ့ မနက် ၆ နာရီခန့်မှာ မောင်မယ်ရှောင်ကျေးရွာအစွန် ရေဖြူဘက်အထွက်မှာ ခံစစ်ကုန်းပြင်နေတဲ့ စစ်ကောင်စီအင်အား…

ရုရှားသို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၂၉ တပ်ဖွဲ့ဝင်တွေ အရှိန်မြှင့် ချထားမှုကြောင့် လုံခြုံရေးအန္တရာယ် သိသိသာသာ ပိုများလာတယ်လို့ တောင်ကိုရီးယားက သတိပေးထားချိန်မှာ မြောက်ကိုရီးယားက ရုရှားမှာ လေ့ကျင့်ဖို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားပြီး မကြာခင် ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ စေလွှတ်နိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားကို…

သမ္မတ ရွေးကောက်ပွဲမှာ ထရန့် အနိုင်ရသွားမှာကို ဥရောပနိုင်ငံတွေ စိုးရိမ်

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၉ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း တစ်ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာနိုင်ခြေကို ဥရောပနိုင်ငံ တော်တော်များများက စိုးရိမ်နေကြပါတယ်။ လာမယ့် နိုဝင်ဘာ ၅ ရက်မှာ ရီပက်ဘလေကန်ပါတီ ကိုယ်စားလှယ်လောင်း ထရန့်ကသာ အနိုင်ရသွားမယ်ဆိုရင် အမေရိကန်ဟာ အာဏာရှင်စနစ်ဘက်ကို ဦးလှည့်သွားမှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့…

မန္တလေး PDF အချုပ်ဆောင် ဗုံးကြဲခံရလို့ စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံး ၆၀ နီးပါးဒဏ်ရာရ

မန္တလေး ၊ အောက်တိုဘာ ၂၉ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အချုပ်ဆောင် လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် စစ် သုံ့ပန်းတွေအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးပြင်းထန်ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၂၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန င်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၄၀ ဝန်းကျင်နဲ့ မြိတ်မြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်ကို လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ…

နောင်ချိုမှာ ဗုံးကြဲခံရလို့ အရပ်သားတစ်ဦး ထပ်မံသေဆုံး

နောင်ချို၊ အောက်တိုဘာ ၂၉ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင်…