October 2024

သန်းခေါင်စာရင်း ကောက်ယူသူကိုးဦးကို လောင်းလုံး PDF ဖမ်းဆီး

လောင်းလုံး၊ အောက်တိုဘာ ၈ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ် ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမရှစ်ဦးနဲ့ ရုံးစာရေးမတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ လောင်းလုံးမြို့မှ ထားဝယ်မြို့ကို သန်းခေါင်စာရင်းကောက်ဖို့ သွားတဲ့ ဆရာမတစ်ဦးကို အောက်တို ဘာ ၆ ရက်နေ့ မနက်ပိုင်းက လောင်းလုံး-ထားဝယ်လမ်းပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနေ့…

ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦး သေဆုံး

မကွေး အောက်တိုဘာ ၇ မကွေးတိုင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေကို အကြောင်းမဲ့ လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ “ဘာမှမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ စုဝေးနေတာလည်းမရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာသားတွေကို…

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်လက်ပူးပေါင်းဖို့ ကတိပြု

ဆိုးလ်၊ အောက်တိုဘာ ၇ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်နေ့မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၆ ရက်မှာ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယား…

ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်မှု အစ္စရေး အရှိန်မြှင့်

ဒီယာအယ်လ်ဘာလာ၊ အောက်တိုဘာ ၇ အရှေ့အလယ်ပိုင်းဒေသတဝန်းရှိ အီရန် ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ စစ်ပွဲအတွင်း ဂါဇာမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်နေပြီး အောက်တိုဘာ ၆ ရက်မှာပဲ ဘေရွတ်မြို့ ဆင်ခြေဖုံး ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီး လူ ၁၉ ဦးထက် မနည်း…

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ တရုတ်ရဲ့သဘောထားအမှန်က ဘာလဲ ဘယ်လဲ။

“စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့(တရုတ်) လိုချင်တာ‌တွေ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရအနေနဲ့ ဆိုရင် သူ့အနေနဲ့ ပြောရဆိုရတာ ခက်တယ်။ အကြပ်အတည်းတွေ့တယ်။ တတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံချင်တယ်” – ဦးသန်းစိုးနိုင် တရုတ်အစိုးရက စစ်ကောင်စီ ပြုတ်ကျတာကို မလိုလားဘူးဆိုတဲ့အကြောင်း မြောက်ပိုင်းအဖွဲ့တွေ (MNDAA နဲ့ UWSA) အပေါ် ဖိအားပေးပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့…

အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရလို့ သုံးဦး ဒဏ်ရာရ

ရေး၊ အောက်တိုဘာ ၇ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့…

နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံး

လားရှိုး ၊ အောက်တိုဘာ ၇ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၃၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေသထဲက ရှမ်းမြောက်မှာ ၁၁၈ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းမှာ ၆၁ ကြိမ်၊…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

မော်လမြိုင် အောက်တိုဘာ ၇ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့ အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီအချိန်က ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ သွေးကင်ဆာ ရောဂါကို ကာလရှည်ခံစားနေခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း…

ကော့ဘိန်းမှာတပ်စွဲထားတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကော့ကရိတ်၊ အောက်တိုဘာ ၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ် AD ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှာ ကော့ဘိန်းကျေးရွာ ဘဲစုပိုင်းမှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို…

မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့တရုတ်က နောက်ကွယ်မှာအကြီးအကျယ် ဖိအားပေးနေ

လားရှိုး ၊ အောက်တိုဘာ ၆ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တယ်လို့ တရားဝင် ကြေညာထားတဲ့ တရုတ်အစိုးရဟာ NUG ဒါမှမဟုတ် NLD ပါတီက စစ်တပ်ကိုအစားထိုးလို့ မရနိုင်ဘူးဆိုပြီး နောက် ကွယ်မှာ ဖိအားပေးပြောဆိုနေပါတယ်။ ဩဂုတ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက “ဝ” အဖွဲ့ UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပါတယ်။…