October 21, 2024

စစ်အာဏာသိမ်း (၁၃၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၂ AAPP ရဲ့ အောက်တိုဘာ ၂၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၅၉) ရက်အတွင်း ပြည်သူ (၅၈၅၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၆၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ်ပြော

ရေး ၊ အောက်တိုဘာ ၂၂ မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ်ထားဝယ်ဒေဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ စစ် ဆင်ရေးတွေလုပ်လာရင် တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လတ်တလော သန်းခေါင်စာရင်းကောက်ယူမှုမှာ အင်အားအလုံးအရင်း အသုံးပြုနေတဲ့အတွက် မွန်ပြည်နယ်တောင်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ် ကြောင်းထိုးတာ၊ စစ်ဆင်ရေးလုပ်တာတွေ…

စစ်ကောင်စီရဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်မှု တောင်သူတွေဝေဖန်

မော်လမြိုင် ၊ အောက်တိုဘာ ၂၂ စစ်ကောင်စီ လက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ တောင်သူတွေကို အရှုံးပေါ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ တောင်သူတွေက ဝေဖန်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံအဖွဲ့က အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

ထားဝယ်၊ အောက်တိုဘာ ၂၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ ဆေးဝါးကုသမှုခံယူချိန် လေဖြတ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN ထံက သိရပါတယ်။ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးရဲအောင် ခေါ် ကိုချင်းဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ လေဖြတ်ရောဂါနဲ့…

ဘီးလင်းမှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက် တိုက်ခိုက်ခံရ

ဘီးလင်း၊ အောက်တိုဘာ ၂၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က သိမ်ဇရပ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကားငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို အလူးလေးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာ ၁၉…

ပွင့်ဖြူမှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေး တင်းကျပ်ထား

မကွေး အောက်တိုဘာ ၂၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း နေရာအနှံ့မှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ ပွင့်ဖြူမြို့ပေါ်နဲ့ မဲဇလီကျေးရွာတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “လောလောဆယ် ရှောက်တောတံတားမှာ အစစ်အဆေးကြမ်းတယ်။ရှောက်တောမှာလည်း…

ဟားမာ့စ်ခေါင်းဆောင် သေဆုံးသွားပေမယ့် ခုခံတိုက်ခိုက်မှု ရပ်တန့်မှာမဟုတ်ဘူးလို့ အီရန် ခေါင်းဆောင် ပြော

တီဟီရန်၊ အောက်တိုဘာ ၂၁ ဟားမာ့စ်အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါ သေဆုံးမှုကြောင့် မဟာမိတ်တို့ရဲ့ ခုခံတိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘဲ ဟားမာ့စ်အဖွဲ့ ဆက်လက် ရှင်သန်နေဦးမယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာဟာ မဟာမိတ် ခုခံတိုက်ခိုက်ရေး အင်အားစုတွေအတွက် နာကျင်စရာ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပေမယ့်…

ရီပက်ဘလေကန်ပါတီ မဲပေးသူတွေကို တစ်ရက် ဒေါ်လာ ၁ သန်း ပေးမယ်လို့ သူဌေးကြီး အီလွန်မက်စ် ကြေညာ

ဟာရစ်ဘာ့ဂ်၊ အောက်တိုဘာ ၂၁ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဒေါ်နယ်ထရန့်လိုလားတဲ့ လူထု ထောက်ခံပွဲ တစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အထိ တစ်ရက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ်လို့ ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ ကတိပေး ပြောဆိုမှုကို ဥပဒေစည်းကြပ်ရေးဌာနတွေက စုံစမ်းစစ်ဆေးပေးဖို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဒီမိုကရက် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှက်ပီရိုက အောက်တိုဘာ…

လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် ၃၀ ကျော် MNDAA ပြန်လွှတ်

လားရှိုး၊ အောက်တိုဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ MNDAA နိုင်ငံရေးဌာနက နေရပ်ပြန်ပို့ဖို့အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ…

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

တောင်ငူ၊ အောက်တိုဘာ ၂၁ ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်စစ်သည် လေးဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိနှစ်ဦး အပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warrior Myanmar (BWM) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းအတွင်းကို…