October 19, 2024

နောင်ချိုမြို့ ဗုံးကြဲခံရလို့ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး

နောင်ချို၊ အောက်တိုဘာ ၁၉ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနောင်ချို မြို့ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် တောင်ရပ်ကွက်အတွင်းရှိ…