????????????????????????????????????

လားရှိုး ၊ အောက်တိုဘာ ၁၉

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက ဆုံးရှုံးခဲ့တဲ့နယ် မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေးရည်ရွယ်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးသစ်တစ်ရပ်ကို စစ်ကောင်စီ စီစဉ်ခဲ့တယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးအရ လျင်မြန်စွာအရေးယူဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တဲ့ တောင်ကြီးနဲ့ လွိုင်ကော်ခရီးစဉ်အစည်းအဝေးအပြီး စက်တ င်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ စစ်ခေါင်းဆောင်က ရန်နိုင်မင်း စစ်ဆင်ရေးအတွက် တောင်ကြီးနဲ့ လွိုင်ကော်မြို့ရှိ သက်ဆိုင်ရာ စစ်ဘက်တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ် ဆင်ရေးစီမံချက်တွေ အကောင်အထည်ဖော်ဖို့ စတင်ဖြစ်လာပါတယ်။

Myanmar Witness ရဲ့ စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာအရ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေထဲမှာ ရန်နိုင်မင်းစစ်ဆင်ရေးစတင်ပြီး ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ အရေးပါတဲ့ လေကြောင်းတိုက်ခိုက်မှုလေးခုကို မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ စက်တင်ဘာ ၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ကရင်နီပြည်နယ်ရဲတပ် ဖွဲ့ရုံးကို ပေါင် ၃၀၀ အ‌လေးချိန်ရှိ ဗုံး ၃ လုံး ပစ်ချခဲ့တဲ့အတွက် ကရင်နီ ရဲမေတစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။

တစ်ရက်တည်းမှာပဲ လအိစစ်ရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၈ ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် စခန်းတွင်းရှိ အမိုးအ ကာ အလုံး ၂၀ ခန့်လည်း ပျက်စီးခဲ့ရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာလည်း တရုတ်-မြန်မာ နယ်စပ်အနီး နမ့်ခမ်းမြို့နယ်အတွင်းရှိ နယ်မြေနှစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသ မီးတစ်ဦးအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ရပြန်ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ မြိုင်မြို့ နယ်ရှိ လက်ယက်မကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးကာ စာသင်ကျောင်းတစ်ကျောင်းနဲ့ အရပ်သားနေအိမ်သုံးလုံး ပျက်စီးဆုံး ရှုံးခဲ့ရတယ်လို့ အစီရင်ခံစာပါ အချက်အလက်တွေအရ သိရပါတယ်။

Myanmar Witness အနေနဲ့ ကျယ်ပြန့်တဲ့ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး အခုလိုမျိုး ဖြစ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ကျယ်ပြန့်တဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယူဆထားပါတယ်။

စစ်ကောင်စီကတော့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေထဲက မြို့ တချို့အပါအဝင် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ တွေ စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.