မြဝတီ၊ အောက်တိုဘာ၁၇

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အနီးမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်ကုန်းလို့ခေါ်တဲ့ စွယ်တော်ဗျူဟာကုန်းကို KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။

လေးကေကော်အမြောက်ကုန်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၄ နာရီကျော်လောက်မှာ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်အနီး နေရာတဝိုက်ကို လေကြောင်းနဲ့ အဆက်မပြတ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရှိရပါ တယ်။

လေးကေကော်အမြောက်ကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သုံးလအကြာမှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အလင်းဝင်သူ ၃၀ နီးပါး ရှိပြီး လက်ရှိမှာတော့ နယ်မြေရှင်းလင်း ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF /Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.