ဆိုးလ်၊ အောက်တိုဘာ ၁၆

အခုသီတင်းတစ်ပတ်အတွင်း လူငယ်အဖွဲ့အစည်း အရာရှိတွေနဲ့ ကျောင်းသားတွေ အပါအဝင် လူငယ် ၁ ဒသမ ၄ သန်းလောက် စစ်တပ်ထဲ ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီ လူငယ်တွေဟာ ရန်သူတွေကို ဖျက်ဆီးပစ်ဖို့ တိုက်ပွဲဝင်ရေး ဆုံးဖြတ်ထားသူတွေ ဖြစ်တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

Young people, including students and youth league officials, sign petitions to join or return to the army this week, according to North Korean state media, at an undisclosed location in North Korea, in this undated photo released by North Korea’s official Korean Central News Agency October 16, 2024.

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်နေချိန် နှစ်ရက်အတွင်း စစ်တပ်ထဲဝင်ရောက်ဖို့ စာရင်းပေးကြတဲ့ လူငယ် ၁ သန်းရှိတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မိမိတို့ နိုင်ငံသားတွေဟာ အမေရိကန်ကို တိုက်ခိုက်ရေး စစ်တပ်ထဲကို ကိုယ့်သဘောနဲ့ ကိုယ် ဝင်ရောက်လာခဲ့ကြတယ်လို့ မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်ကလည်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အာဏာရှင်အစိုးရက လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းနေတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ ရထားလမ်း အပိုင်းတွေကို မြောက်ကိုရီးယားက အောက်တိုဘာ ၁၅ ရက်မှာ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်တာကြောင့် နယ်စပ်ရှိ တောင်ကိုရီးယား တပ်ဖွဲ့တွေက သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

စစ်ဖြစ်လာရင် တောင်ကိုရီးယားနိုင်ငံဟာ မြေပုံထဲကနေ ပျောက်ကွယ်သွားမှာ ဖြစ်ပြီး တောင်ကိုရီးယားအနေနဲ့ စစ်ပွဲ လိုလားတယ်ဆိုရင် သူတို့နိုင်ငံ တည်ရှိမှု အဆုံးသတ်သွားအောင် မိမိတို့က လုပ်ပေးလိုတဲ့ ဆန္ဒရှိတယ်လို့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက အမှိုက်တွေ ထည့်ထားတဲ့ မိုးပျံ ပူးပေါင်းတွေကို တောင်ကိုရီးယားနိုင်ငံထဲ ပို့လွှတ်ခဲ့ပြီး တောင်ကိုရီးယား ဒရုန်းတွေ မြို့တော် ပြုံယမ်း လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

နှစ်ဖက် တင်းမာမှု မြင့်တက်နေချိန် နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဖက် စစ်တပ်တွေဟာ တိုက်ခိုက်ရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားကြပါတယ်။

အပြန်အလှန် ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ တင်းမာမှု အရှိန်မြင့်တက်လာတာဟာ တောင်းကိုရီးယားရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယား မဟာမိတ် ရုရှားက စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားကြား မကြာသေးခင်က ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယားက ရုရှားစစ်တပ်အတွက် ယူကရိန်းမှာ အသုံးပြုဖို့ လက်နက်တွေ ထောက်ပံ့ပေးနေပြီး တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့လည်း သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.