ဘန်ကောက်၊ အောက်တိုဘာ ၁၂

ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသမှာ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းဖို့ မယ်ဆိုင်မြစ် တလျှောက်မှာ ဆောက်လုပ်ထားတဲ့ တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဆွေးနွေးဖို့ အရာရှိတွေ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ် ဖွန်သမ် ဝီချာယာချိုင်းက ကြေညာပါတယ်။

အဲဒီ ဒေသဟာ မကြာသေးခင်တုန်းက ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး ဒေသတဝန်းမှာ ထူထဲတဲ့ ရွှံ့မြေတွေ တင်ကျန်ရစ်ခဲ့တာကြောင့် အခုလို ဆွေးနွေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြေကို ဆွေးနွေးဖို့ လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ရေဘေးဒဏ် သက်သာရေးစင်တာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သူ ဖွန်သမ် ဝီချာယာချိုင်းက ပြောဆိုခဲ့တာပါ။

အဲဒီ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး မြန်မာအရာရှိတွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ တရားရေးဌာန၊ ထိုင်းတော်ဝင် စစ်တပ်တို့နဲ့ စေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြစ်ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေရေး၊ အနာဂတ်မှာ ရေဘေးအန္တရာယ်ကို လျှော့ချနိုင်ရေး မယ်ဆိုင်မြစ်ကမ်း နှစ်ဖက်လုံးမှာ တရားမဝင် တိုးချဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို ဖြိုဖျက်သွားဖို့ ရှိနေတယ်လို့ လက်ထောက်ဝန်ကြီးချုပ် ဖွန်သမ်က ပြောပါတယ်။

ဒီအစီအစဉ်မှာ တရားမဝင် ဆောက်လုပ်နေထိုင်နေသူတွေကို ပြန်လည် နေရာချထားပေးရေး အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တခြားဖြေရှင်းနည်း မရှိတော့တဲ့ အချိန်ရောက်မှပဲ ပြန်လည် နေရာချထားမှု ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ဒေသခံတွေကို ပြန်လည် နေရာချထားပေးမယ့် အချိန်နဲ့ ပတ်သက်လို့ မေးမြန်းမှုကိုလည်း လက်ထောက်ဝန်ကြီးချုပ် ဖွန်သမ်က ဖြေကြားသွားပါတယ်။

လူ ၅ ဦး သေဆုံးခဲ့ရတဲ့ ဒုတိယလှိုင်း ရေဘေးနဲ့ ကြုံပြီးနောက် ချင်းမိုင်ဒေသမှာ ပြန်လည်နာလန်ထူရေး လုပ်ငန်းတွေမှာ ကူညီဖို့ အလုပ်သမား ၇၀၀ ကျော် ချထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆာရာဖီ ဒေသက မြေနိမ့်ပိုင်းနေရာတွေဟာ ရေမြုပ်နေဆဲ ဖြစ်ပြီး အရာရှိတွေက ရေစုပ်ထုတ်ရေး အလျင်အမြန် ဆောင်ရွက်နေပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်တွေက သာမန်ထက် ပိုများလာနေသလို မုန်တိုင်းတွေ ဖြစ်ပေါ်မှု အကြိမ်ရေ ပိုများလာနေပြီး ပြင်းထန်မှုလည်း ပိုများလာနေပါတယ်။

ယခုနှစ် ယာဂီမုန်တိုင်းကြောင့် ဒေသတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာ ဆိုးရွားတဲ့ ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Ref:The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.