လောင်းလုံး၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး ပေါင်းအဖွဲ့တွေ လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ကျေးရွာခြောက်ရွာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေ ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းပိတ်ထားတဲ့အတွက် ကျော်နီမော်ကျေးရွာကနေ ဖြတ်သန်းသွားလာရတဲ့ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ညောပြင်၊ ကျောက်မတ်တပ်၊ ကြက်လွတ်၊ ခေါင်လန်းကျေးရွာက ဒေသခံတွေ ဒုက္ခကြုံနေရတာပါ။

စစ်ကောင်စီဘက်က လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ဒေသတွင်းမှာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာပြီး စားသောက်ကုန်အပါအဝင် အခြေခံစားနှပ်ရိက္ခာကအစ ပြတ်လပ်မှုတွေ ဖြစ်ပေါ် နေတယ်လို့ ကျောက်ဝပ်ပြင်ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဆန်အိတ်တစ် ကျပ်တစ်သိန်းခွဲနီးပါး၊ ကြက်ဥတစ်လုံး ကျပ် ၇၀၀ ၊ စားဆီတစ်ဗူး ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ကျန်ကုန်ပစ္စည်းတွေကလည်း ဈေးနှုန်းအဆမတန်မြင့်တက်တာပါ။

ဒါပေမယ့် စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ သူတို့နဲ့ဆက်စပ်မှုရှိတဲ ကုန်သည်တချို့ကိုတော့ သယ် ဆောင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး ဆက်ကြေးငွေတွေ တောင်းယူကာ ကုန် ပစ္စည်းသယ်ဆောင်ခွင့်ပေးနေတဲ့အတွက် စစ်ကောင်စီအဖွဲ့နဲ့နီးစပ်သူတွေသာ အကျိုးဖြစ်ထွန်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဘက်က လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေဟာ အရေးပေါ် ကျန်မာရေးကိစ္စတွေအတွက် ရေလမ်းကြောင်းကနေ ထားဝယ်နဲ့လောင်းလုံးမြို့တွေကို ခက်ခက်ခဲခဲသွားလာနေကြရတယ်လို့ သိပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ဒုတာဝန်ခံ ကိုကျွဲကတော့ စစ်ကောင်စီရဲ့ ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့မှုဟာ ပြည်သူတွေကို ရတဲ့နည်းလမ်းနဲ့ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို စခန်းနေရာတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

အဲဒီနောက်မှာ စစ်ကောင်စီဘက်က တပ်အင်အား ၄၀ ကျော် ထပ်မံရောက်ရှိလာပြီးနောက် ကျေး ရွာအတွင်းမှာ ကျန်ရှိနေတဲ့ ပျူစောထီးတွေနဲ့ပေါင်းကာ ရွာအလယ်နဲ့ရွာပြင်မှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး အသွားအလာ ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.