September 2024

ထိုင်းအစိုးရအပေါ် သက်ဆင် ထိန်းချုပ်မှု ရှိ မရှိ စစ်ဆေးပေးဖို့ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၅ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ် ခြယ်လှယ်နေမှုနဲ့ ကုမ္ပဏီပေါင်း ၂၀ ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ သူ့ရဲ့ နုတ်ထွက်မှု တရားဝင် မဝင် စစ်ဆေးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။ အဲဒီကုမ္ပဏီပေါင်း ၂၀…

မြင်းခြံလမ်းပိုင်းမှာ သူတို့တပ်ဖွဲ့ဝင်တွေ ဓါးပြတိုက်တာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခရီးသွားပြည်သူတွေအား ဓါးပြတိုက်နေတဲ့သတင်းကို သတင်းအမှား”ဆိုပြီး စစ်တပ်ဘက်က ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသ…

TNLA သိမ်းပိုက်ထားတဲ့ မန်တုံမြို့ကို စစ်တပ်ဗုံးကြဲ

မန်တုံ၊ စက်တင်ဘာ ၅ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံး…

ရွှေကျင်မှာ ဒေသခံ ၁၅ ဦးကို စစ်တပ် လူသားဒိုင်းအဖြစ်ဖမ်းဆီး

ရွှေကျင်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေ ထမ်းခိုင်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအ ရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်း ချီတက်ရာ…

စလင်းမြို့နယ်မှာ စစ်မှုထမ်းအကြောင်းပြ ဖမ်းဆီးခံရသူ ၁၅၀ ကျော်ရှိလာ

မကွေး စက်တင်ဘာ ၅ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၁၅၀ ကျော်ရှိလာပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အရောင်းဆိုင်ဝန်ထမ်းတွေလည်း ပါဝင်နေတဲ့အတွက် အပြင်ထွက်ပြီး သွားလာသူမရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။ “သူတို့တောက်လျှောက်ဖမ်းနေတာ။ အိမ်ထဲမှာနေမကောင်းလို့ လဲနေတဲ့သူက အစ ဖမ်းတာ။ ဓာတ်ဆီဆိုင် ဝန်ထမ်းတွေရော အလုပ်သွားတဲ့လူတွေရော အကုန်ပါတယ်” လို့…

စစ်ကောင်စီကို တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ

မော်လမြိုင် စက်တင်ဘာ ၅ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်ကာ ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတွေ၊ နိုင်ငံတကာ စစ်ဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ အကြမ်းဖက်အုပ်စုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ AAPP ရဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၁၁) ရက်အတွင်း ပြည်သူ (၅၅၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်ဖွင့်

မော်လမြိုင် ၊ စက်တင်ဘာ ၅ နိုင်ငံအနှံ့ ခုခံတော်လှန်စစ် တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်မံခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းတက်ရောက်မယ့်သူတွေကို စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့မှ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အမှတ်…

စစ်ကောင်စီရဲ့ အကြမ်းဖက်ကြေညာမှု ရာဇဝတ်ဂိုဏ်းက အစိုးရဖြစ်ကြောင်း ပုံဖော်တာလို့ AA တုံ့ပြန်

နေပြည်တော် ၊ စက်တင်ဘာ ၅ စစ်ကောင်စီက အာရက္ခတပ်တော် AA အပါအဝင် ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာတာဟာ ရာဇဝတ်ဂိုဏ်းက အစိုးရတစ်ရပ်ဖြစ်နေသေးကြောင်း ပုံဖော်တာလို့ AA ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့…

KNU ဖာပွန်ခရိုင်က စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

ဖာပွန်၊ စက်တင်ဘာ ၅ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက စစ်ရှောင်ဒုက္ခသည်တွေဟာ လတ်တလောမိုးတွင်းကာလမှာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာကြုံနေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ အခုလက်ရှိ မိုးရာသီကာလအတွင်းမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လမ်းနဲ့ တံတားတွေ…