September 24, 2024

ထားဝယ်မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့ဖျက်ဆီးနေ

ထားဝယ်၊ စက်တင်ဘာ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အားအများအပြားနဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့…

စစ်ကောင်စီရဲ့ တရားမဲ့သေဒဏ်ချမှတ်မှု တားဆီးအရေးယူဖို့ NUCC တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၄ စစ်ကောင်စီ ကျူးလွန်နေတဲ့ တရားမဲ့ သေဒဏ်ချသတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ တားဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက သေ ဒဏ်အပါအဝင် မတရားပြစ်ဒဏ်တွေချမှတ်ထားပြီး တရားမဲ့သေဒဏ်ချသတ်ဖြတ်မှုတွေအပေါ် NUCC က ထုတ်ပြန်လာတာပါ။…

ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦး နေအိမ်မှာပစ်သတ်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သားအဖနှစ်ဦးကို အမည်မသိသေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မုက္ခမူကျေးရွာ ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးမြင့်အောင်နဲ့ ပါတီရဲ့ လူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင်တို့ကို အမည်မသိသေနတ်သမားတွေက နေ အိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။…