သံဖြူဇရပ်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ် သက်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ငါးဦးကို ကနဦးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၀ ရက်နေ့မှာလည်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်သုံးဦးကို နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီကတော့ ဖမ်းဆီးထားတဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်တွေဟာ PDF တွေနဲ့ အ ဆက်အသွယ်ရှိတာ၊ လက်နက်သယ်ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက်နဲ့ ကိုးနဝင်းရပ်ကွက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကိုလည်း PDF နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်မံဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးထားတဲ့သူတွေကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဝဲကလိစစ်ကြောရေးမှာ စစ် ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော် ရှိနေပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.