September 23, 2024

စစ်အာဏာသိမ်း (၁၃၃၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၈၈) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၄ AAPP ရဲ့ စက်တင်ဘာ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၃၁) ရက်အတွင်း ပြည်သူ (၅၆၈၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရေဘေးအတွက်ဆိုပြီး ဝန်ထမ်းတွေဆီကနေ စစ်ကောင်စီ အတင်းအကျပ် ငွေကောက်ခံနေ

မော်လမြိုင် ၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် စစ်ကောင်စီဟာ ရေဘေးသင့်ပြည်သူအတွက်ဆိုပြီး လက်အောက်ခံ ဌာနဆိုင်ရာ ဝန် ထမ်းတွေဆီကနေ အတင်းအကျပ် ငွေကြေးကောက်ခံနေတာတွေ လုပ်ဆောင်နေတယ်လို့ Non CDM အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးကောက်ခံတဲ့နေရာမှာ ဌာနအမျိုးအစားပေါ်မူတည်ပြီး ရာထူးအဆင့်အလိုက် အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ကျပ်…

လားရှိုးမြို့ဗုံးကြဲမှု ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံး အလ ဟဿဖြစ်စေမယ်လို့ MNDAA ပြော

လားရှိုး ၊ စက်တင်ဘာ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေး မြှင့်တင်သူတွေရဲ့ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ပြောပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ တိုက် လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး…

KNU ခရိုင်နှစ်ခုရေကြီးမှုမှာ ကိုးဦးသေဆုံးပြီး ပြည်သူသုံးသိန်းကျော် ရေဘေးဒဏ်ခံနေရ

ညောင်လေးပင်၊ စက်တင်ဘာ ၂၄ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ခရိုင် ၂ ခုအတွင်း ပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၃၀၀၀၀၀ ကျော် ရေဘေးကြုံနေရတဲ့အတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေ KNU ညောင်လေးပင်ခရိုင် တပ်မဟာ…

သံဖြူဇရပ်မှာ ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးအထိရှိလာ

သံဖြူဇရပ်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ် သက်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ငါးဦးကို ကနဦးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။…

စလင်းမြို့နယ်မှာ မီးလိုင်းပြင်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံး

မကွေး စက်တင်ဘာ ၂၃ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကာကွယ်ရေးအဖွဲ့တွေက ဒီးဒုတ်ပင်ကျေးရွာအနီးမှာ အဲဒီ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ကပစ-၂၁ က ကောင်တွေပြန်ဆုတ်အပြီး ဆုတ်လေဦးဘက်ကနေလာပြီး လက်နက်ကြီးနဲ့ မြောင်းဂွရွာဘက်တော့…

မြန်မာနိုင်ငံကနေ လက်နက်ကိုင် ၉၀၀ ကျော် ဝင်လာလို့ မဏိပူရဒေသမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်

အင်ဖယ်၊ စက်တင်ဘာ ၂၃ မြန်မာနိုင်ငံကနေ ကူကီလူမျိုး စစ်သွေးကြွလို့ သံသယရှိသူ ၉၀၀ ကျော် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ သတိပေးမှု အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားတယ်လို့ အကြီးတန်းလုံခြုံရေး အရာရှိ တစ်ဦးက ပြောပါတယ်။ ကူကီလူမျိုးစုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ခုကတော့ စစ်သွေးကြွတွေ ဝင်ရောက်လာတယ်ဆိုတဲ့ လုံခြုံရေး အရာရှိတွေရဲ့ စွပ်စွဲချက်တွေကို…

ဂျပန်နိုင်ငံ အလယ်ပိုင်း ရေကြီးရေလျှံမှုမှာ လူသေဆုံးမှုတွေ ရှိလာ

တိုကျို၊ စက်တင်ဘာ ၂၃ ငလျင်ဘေးကြောင့် နလန်ထခါစ ဂျပန်နိုင်ငံ အလယ်ပိုင်း ကျွန်းစွယ် တစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှု မြေပြိုမှုတို့ ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက စက်တင်ဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။ လူတစ်ဦး သေဆုံးပြီး အခြားငါးဦးကတော့ နှလုံးရပ်သွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့…

နောင်ချိုမြို့ ဗုံးကြဲခံရလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိလာ

နောင်ချို၊ စက်တင်ဘာ ၂၃ တအာင်းတပ်မတော် TNLA အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းတပ်မတော် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ နောင်ချိုမြို့ကို…