ဝါရှင်တန်၊ စက်တင်ဘာ ၂၁

အကြိတ်အနယ်ဖြစ်လာမယ့် လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြည်သူတချို့ မဲစတင် ပေးနေချိန်မှာ ဒုသမ္မတ ကာမယ်လာ ဟားရစ်က ရီပက်ဘလေကန် ပြိုင်ဖက် ဒေါ်နယ်ထရန့်နဲ့ ရီပက်ဘလေကန် ပါတီတို့ဟာ ကိုယ်ဝန် ဖျက်ချမှုနဲ့ ပတ်သက်လို့ သူတော်ကောင်းယောင်ဆောင်နေကြတယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ကိုယ်ဝန် မဖျက်ချနိုင်တာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ဂျော်ဂျီယာပြည်နယ်မှာ ကိုယ်ဝန် ဖျက်ချခွင့် တားမြစ်မှုအတွက် ဟားရစ်က ထရန့်ကို အပြစ်တင်အခုလိုမျိုး အပြစ်တင် ပြောကြားလိုက်တာဖြစ်ပါတယ်။

ကိုယ်ဝန် ဖျက်ချခွင့် တားမြစ်ပြီးနောက် အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ပေးရမယ့် အချိန်မှာ သူတော်ကောင်းယောင်ဆောင်နေသူတွေ ဘယ်ရောက်နေကြသလဲလို့ သမ္မတလောင်း ဟားရစ်က ပြောကြားချိန်မှာ ထောက်ခံသူတွေက သြဘာ ပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်လက ဒီမိုကရက် ကိုယ်စားလှယ်လောင်းအဖြစ် ဂျိုးဘိုင်ဒန်ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာပြီး နောက်ပိုင်း ဟားရစ်ဟာ ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်မှုနဲ့ ပတ်သက်လို့ ထရန့်ကို အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ နိုင်ငံတဝန်း ကိုယ်ဝန် ဖျက်ချခွင့်ကို တရားရုံးချုပ်ကဆုံးဖြတ်ချက် သုံးခုနဲ့ ပြောင်းပြန် လှန်ပစ်နိုင်ခဲ့တဲ့အတွက် ထရန့်က မကြာခဏ ကြွားဝါ ပြောဆိုလေ့ရှိပါတယ်။

အဲဒီနောက်ပိုင်း ပြည်နယ်ပေါင်း ၂၀ ထက် မနည်းမှာ ကိုယ်ဝန် ဖျက်ချခွင့်ကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ပြန်လည် တားမြစ်ခဲ့ကြ ပါတယ်။

ဒါက ကျန်းမာရေး စောင့်ရှောက်မှု ပြဿနာတစ်ခု ဖြစ်ပါတယ် ထရန့်က ဒီပြဿနာကို ဖန်တီးတဲ့ ဗိသုကာ ဖြစ်ပါတယ်လို့ ဟားရစ်က ပြောပါတယ်။

ဗာဂျီးနီးယားပြည်နယ် အာသင်တွန်မြို့ရှိ မဲရုံတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက် နံနက်က မဲထည့်မယ့်သူတွေ ဒါဇင်နဲ့ချီပြီး စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။

ဒီမိုကရက်တစ်ပါတီ ထောက်ခံသူတွေက ထရန့်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထရန့် အနိုင်မရစေရေး မိမိတို့ တတ်နိုင်သလောက် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ သမ္မတဟောင်း ထရန့်ရဲ့ ထောက်ခံသူတွေ လွှတ်တော်ကို ဝင်ရောက် စီးနင်းမှု ဖြစ်ခဲ့ပြီးနောက် ထရန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်၊ တခြား ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် ၇၈ နှစ်အရွယ် ထရန့် သူ့အနေနဲ့ ရွေးကောက်ပွဲ အနိုင်မရလို့ရှိရင် အရှုံးနဲ့ ပတ်သက်လို့ ဂျူးလူမျိုးတွေမှာ လုပ်စရာ အများကြီး ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီလို သူ့ရဲ့ ပြောဆိုချက်တွေကို ဂျူးဆန့်ကျင်ရေး ပြောဆိုမှု အဖြစ် သမ္မတ အိမ်ဖြူတော်က ပြစ်တင် ရှုတ်ချထားပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထရန့် ရှုံးနိမ့်ခဲ့ရင် သူ့အနေနဲ့ အရှုံးကို ဝန်ခံဖို့ မသေချာဘူးလို့ သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.