September 21, 2024

ထားဝယ်မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့

ထားဝယ်၊ စက်တင်ဘာ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ထပ်မံကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မောင်မယ်ရှောင်ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အချိန် ၂ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ…