နယူးဒေလီ၊ စက်တင်ဘာ ၂၀

အိန္ဒိယလက်နက် ကုမ္ပဏီတွေ ရောင်းချလိုက်တဲ့ လက်နက်ကြီး ကျည်အခွံတွေကို ဥရောပ ဖောက်သည်တွေက ယူကရိန်းသို့ ပေးပို့နေပြီး ရုရှားက ကန့်ကွက်မှုတွေ ပြုလုပ်ထားပေမယ့် ဒီရောင်းဝယ်မှုကို တားဆီးရေး နယူးဒေလီအစိုးရက ကြားဝင်ဆောင်ရွက်မှု မရှိတာကြောင့် မော်စကိုအစိုးရက ဒေါသထွက်နေပါတယ်။

ရုရှားရန်ကို ခုခံ ကာကွယ်ရေး ယူကရိန်းသို့ လက်နက်ခဲယမ်း ပေးပို့ ကူညီမှုတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယနဲ့ ဥရောပအစိုးရတွေရဲ့ ကာကွယ်ရေး အရာရှိ ၁၁ ဦးက ပြောပါတယ်။

အိန္ဒိယရဲ့လက်နက် တင်ပို့ရေး ဥပဒေအရ သတ်မှတ်ထားတဲ့ ဝယ်ယူသူကပဲ လက်နက်တွေကို အသုံးပြုရမှာ ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ အခြားသူ တစ်ဦးဆီ ရောင်းချခဲ့မယ်ဆိုရင် နောက်ထပ် ဝယ်ယူခွင့် ပိတ်ပင်ခံရမယ်လို့ သတ်မှတ်ထားပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ ဇူလိုင်လမှာ တွေ့ဆုံချိန် ရုရှားက အဲဒီကိစ္စကို တင်ပြဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ အရာရှိ သုံးဦးက ပြောပါတယ်။

အိန္ဒိယထုတ် ခဲယမ်းမီးကျောက်တွေကို ဥရောပနိုင်ငံတွေက ယူကရိန်းသို့ ပေးပို့ ကူညီနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာချိန်က အိန္ဒိယအစိုးရက သတင်းအမှားဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Indian Army soldiers participate in a mock drill exercise during the Army Day parade in New Delhi, India, January 15, 2016. REUTERS/Anindito Mukherjee/File Photo

အိန္ဒိယအနေနဲ့ ယူကရိန်းကို လက်နက်ခဲယမ်းတွေ ရောင်းချတာလည်း မရှိသလို ပေးပို့ထားတာလည်း မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်း အသုံးပြုနေတဲ့ ခဲယမ်းမီးကျောက်တွေထဲမှာ အိန္ဒိယထုတ် ခဲယမ်းမီးကျောက် တစ်ရာခိုင်နှုန်း လောက်ပဲ ပါဝင်တယ်လို့ အိန္ဒိယ ကာကွယ်ရေး အရာရှိ နှစ်ဦးက ပြောပါတယ်။

ဒီခဲယမ်းမီးကျောက်တွေကို ဥရောပနိုင်ငံတွေကနေ ယူကရိန်းဆီ တဆင့် ပြန်ရောင်းလိုက်တာလား၊ ပေးပို့ လှူဒါန်းခဲ့တာလား ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။

အိန္ဒိယနိုင်ငံထုတ် ခဲယမ်းမီးကျောက်တွေကို ယူကရိန်းဆီ ပေးပို့နေတဲ့ ဥရောပနိုင်ငံတွေထဲမှာ အီတလီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတို့လည်း ပါဝင်နေပါတယ်။

၂၀၁၈ နဲ့ ၂၀၂၃ ခုနှစ်တို့ကြားမှာ အိန္ဒိယဟာ လက်နက်ခဲယမ်း ဒေါ်လာ ၃ ဘီလီယံ ကျော်ဖိုး တင်ပို့ခဲ့ကြောင်း တတ်သိပညာရှင်များအဖွဲ့ စတော့ဟုမ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

နယူးဒေလီက ပြည်ပသို့ လက်နက် တင်ပို့မှု တန်ဖိုးဟာ ၂၀၂၉ ခုနှစ်မှာ ဒေါ်လာ ၆ ဘီလီယံ အထိ မြင့်တက်လာရေး ရည်မှန်းထားကြောင်း သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.