မော်စကို၊ စက်တင်ဘာ ၁၇
တရုတ် စစ်တပ်ပြီးနောက် ကမ္ဘာမှာ ဒုတိယမြောက် အကြီးဆုံး စစ်တပ် ဖြစ်လာစေရေး ဆောင်ရွက်မှု တစ်ရပ်အနေနဲ့ သမ္မတ ဗလာဒီမာ ပူတင်က ရုရှား စစ်တပ်ရဲ့ ပုံမှန် အင်အားကို စစ်မှုထမ်း ၁၈၀၀၀၀ ကနေ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ရေး ညွှန်ကြားလိုက်ပါတယ်။
ကရင်မလင် နန်းတော် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အမိန့် ဒီဂရီ တစ်ရပ်မှာ ပူတင်က လက်နက်ကိုင်တပ်တွေ အားလုံးရဲ့ အင်အားဟာ ၂ ဒသမ ၃၈ သန်း အထိ တိုးမြှင့်ရမှာ ဖြစ်ပြီး အမြဲတမ်း စစ်မှုထမ်း ၁ ဒသမ ၅ သန်း ရှိရမယ်လို့ ပြောပါတယ်။
ထိပ်တန်း စစ်ဖက်ဆိုင်ရာ တတ်သိပညာရှင် အဖွဲ့ ဖြစ်တဲ့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အချက်အလက်တွေအရ အဲဒီလို တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်လိုက်ရင် ရုရုားစစ်တပ်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ စစ်တပ်တွေထက် အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်တဲ့ စစ်သား အရေအတွက်ပို များသွားမှာ ဖြစ်ပြီး တရုတ် စစ်တပ်ပြီးနောက် ကမ္ဘာမှာ ဒုတိယ အကြီးမားဆုံး ဖြစ်လာမယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း ပူတင်အနေနဲ့ စစ်အင်အားတိုးမြှင့်တာဟာ ဒါဟာ တတိယအကြိမ် ဖြစ်ပါတယ်။
ယူကရိန်းထက် လူဦးရေ သုံးဆပိုများပေမယ့် ရုရှားဟာ တပ်သားသစ်တွေကို မက်လုံးပေးပြီး ခေါ်ယူနိုင်ဆဲ ဖြစ်တာကြောင့် ယူကရိန်း တပ်သားတွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ပွဲ မကြာခင် ပြီးဆုံးမယ့် လက္ခဏာ မတွေ့ရသေးတဲ့ အချိန်မှာ ယူကရိန်းကရော ရုရှားကပါ သေဆုံးသွားတဲ့ စစ်သား အရေအတွက်ကို လျှို့ဝှက်ထားပါတယ်။
၂၀၂၂ ခုနှစ် နောက်ပိုင်း ရုရှားက တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ရေး နှစ်ကြိမ်တိုင် ညွှန်ကြားခဲ့ပြီး ဖြစ်သလို စေတနာ့ ဝန်ထမ်းတွေကိုလည်း ခေါ်ယူနေပါတယ်။
ယူကရိန်းကတော့ အနောက်တိုင်းက ပေးပို့ထားတဲ့ တာဝေး ဒုံးကျည်တွေ သုံးပြီး ရုရှားနိုင်ငံထဲသို့ တိုက်ခိုက် ခွင့်ပြုရေး တောင်းဆိုထားပြီးနောက် ရုရှားက စစ်အင်အား တိုးမြှင့်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
Ref:Reuters