မော်လမြိုင်၊ စက်တင်ဘာ ၈

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တ အိအိပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မ တက ပြောပါတယ်။

အခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာမှု သုံးနှစ်ပြည့်အတွက် ပြည်သူလူထုထံ အမှာစကားပြောကြားစဉ် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြော ဆိုခဲ့တာပါ။

ယာယီသမ္မတက သုံးနှစ်တာကာလအတွင်း ခုခံတော်လှန်စစ်ကနေ မဟာဗျူဟာမြောက်ထိုးစစ်သို့ အသွင်ကူးပြောင်းလာနိုင်ပြီ ဖြစ်သလို လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကိုလည်း ကျယ် ပြန့်စွာ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေ ကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေပြီး လေကြောင်းအင်အားကိုသာ အဓိကထားနေရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါကြောင့် ပြည်သူလူထုနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာ ဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက်ရုန်းထကြဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့တာပါ။

စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေကို လိုအပ်သလို တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးခရီးစဉ်မှာ ထုတ်ပြောထားတာပါ။

လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူခုခံတော်လှန်စစ်အတွင်း တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်စခန်း ၂၅၀၀ ဆုံးရှုံးထားရပြီး မြို့ပေါင်း ၈၀ နီးပါး သိမ်းပိုက်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.