မိုးထိုးလာတဲ့ ကုန်ဈေးနှုန်းကြောင့် မျက်ဖြူဆိုက်လာတဲ့ ပြည်သူဘဝတွေ
မော်လမြိုင် ၊ ဩဂုတ် ၂၃ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း စံချိန်တင်ထိုးတက်လာမှုနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ပြဿနာကြောင့် ပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်း ဆိုက်လာခဲ့ပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းကာလအတွင်း ပစ္စည်းတစ်မယ်ကို အနည်ဆုံးသုံးဆကနေ ၁၀ ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာပါတယ်။ အဲဒီထဲမှာ အိမ်မရှင်တွေ မရှိမဖြစ် အသုံးပြုနေရတဲ့ ဆန်ဈေးနှုန်းကလည်း အရင်က တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်အိတ်ကို…