အနန်းကွင်းဗျူဟာမကျရေး စစ်ကောင်စီတပ် အပြင်းအထန်ခုခံနေ
ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၄ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်မှာရှိတဲ့ အနန်းကွင်းဗျူဟာစခန်းမကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်လောက်ကစပြီး ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်စွန်းစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က…