စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်မှာ ကုန်တင်ကားတွေအပါအဝင် ယာဉ်လိုင်းတချို့ ရပ်နားထားရ
မော်လမြိုင် ၊ ဩဂုတ် ၁၇ စက်သုံးဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်လာမှုကြောင့် မွန်ပြည်နယ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်းတွေအပါအဝင် ကုန်တင်ကားတချို့ ပြေးဆွဲမှုယာယီရပ်နားထားရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီတွေဟာ သြဂုတ်ပထမအပတ်ကစပြီး ဓာတ်ဆီနဲ့ဒီဇယ်ဆီတွေပါ ပြတ်လပ်လာပြီး သြဂုတ်ဒုတိယအပတ်အတွင်းမှာတော့ အဆိုးဝါးဆုံးပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရခက်ခဲတာ၊ အချိန်ကြာမြင့်စွာ တန်စီးစောင့်ဆိုင်းဝယ်ယူနေရတာ၊ ဝယ်ယူရာမှာလည်း လိုသလောက် ဝယ်ယူမရတဲ့အတွက် ယာဉ်လိုင်းတွေ ပြေးဆွဲမှု…