ကျိုက်ထိုမှာ ရဲတပ်သားတစ်ဦးနဲ့ ဒေသခံလေးဦးကို စစ်ကောင်စီဖမ်းဆီး
ကျိုက်ထို၊ ဩဂုတ် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ ဒေသခံလေးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေအပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ သြဂုတ်ဒုတိယအပတ်အတွင်း ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားပြည်သူရစိုးနဲ့ တောင်သူစုရပ်ကွက်နေ ကိုဇော်ထက်ချိုအပါအဝင် ဒေသခံလေးဦး ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ် ထပ်မံဖမ်းဆီးခဲ့တဲ့ ရဲတပ်သားပြည်သူရစိုးဟာ ပြီးခဲ့တဲ့ မေလတုန်းက ကျိုက်ထိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ သတင်းပေးဆောင်ရွက်တယ်ဆိုတဲ့…