ကြာအင်းဆိပ်ကြီး အနန်းကွင်းဒေသမှာ စစ်ရေးပိုမိုတင်းမာနေ
ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာထဲမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး တိုက်ပွဲတွေလည်း ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲမှာပါဝင်တဲ့ အနန်းကွင်းကျေးရွာမှာ ဩဂုတ်လ ဒုတိယအ ပတ်ကနေစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…